Health

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ် ဖြည့်တင်းပေးနိုင်မယ့် အစားအစာများ

Want create site? Find Free WordPress Themes and plugins.

ခန္ဓာကိုယ်ရဲ့ တနေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေမှာ ကယ်လ်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးတာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေဖို့အတွက် အကူအညီပေးပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကို အထူးသဖြင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အဓိကလိုအပ်တာကြောင့် ကယ်လ်ဆီယမ်ဓာတ်ဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ကယ်လ်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တဲ့ အစားအစာဖြစ်ပြီး အရိုးပွ ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ အထူးလိုအပ်လှတဲ့ ကယ်လ်ဆီယမ်ဓာတ်အတွက် နို့အပါအဝင် နို့ထွက်ပစ္စည်းများကို စားသုံးပေးခြင်းအားဖြင့် အရပ်ရှည်စေပြီး ခန္ဓာကိုယ် ဖွံဖြိုးမှု အားကောင်းစေမှာပဲ ဖြစ်ပါတယ်။

(၂) အခွံမာသီးတွေရဲ့အစေ့အဆန်တွေမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ မှတ်ဉာဏ်ချို့တဲ့ခြင်းနဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြသနာတွေအတွက် အထူးကောင်းမွန်စေပါတယ်။ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့် အစေ့အဆန်များကို နေ့စဉ်လက်တဆုပ်ခန့် ပုံမှန်စားသုံးပေးသင့်ပါတယ်။

(၃) အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးခြင်းအားဖြင့်လည်း ကယ်လ်ဆီယမ်ဓာတ်ကို ဖြည့်တင်း ပေးနိုင်မှာ ဖြစ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးနဲ့ သွား ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပြီး သံဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။

Ref. https://draxe.com

Did you find apk for android? You can find new Free Android Games and apps.
Loading