Health

လေထုညစ်ညမ်းမှု အန္တရာယ်ကနေ ဘယ်လို ကာကွယ်နေထိုင်မလဲ

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှဒေသတွင်း နိုင်ငံတွေထဲက လေထုညစ်ညမ်းမှု အမြင့်ဆုံးနိုင်ငံစာရင်းတွေထဲမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အသက်ရှင် ရပ်တည်ရေးအတွက် သန့်ရှင်းတဲ့လေ လိုအပ်တယ်ဆိုတာကို လူတိုင်းသိကြမှာပါ။

လေထုညစ်ညမ်းမှု အန္တရာယ်ကြောင့် ကျန်းမာရေး အန္တရာယ် ပိုမိုထိခိုက် ခံစားရတဲ့သူတွေကတော့ ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူတွေ၊ နှလုံးရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ဖြစ်ပါတယ်။

ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် လေထုညစ်ညမ်းမှုဟာ လတ်တလောမှာ အခြေအနေ ပိုမိုဆိုးရွားနေတာကြောင့် ဒီလို လေထု ညစ်ညမ်းမှုအန္တရာယ်ကနေ ဘယ်လိုကာကွယ် နေထိုင်သင့်လဲဆိုတာ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြလိုက်ပါတယ်။

(၁) လေထုထဲမှာ ပါဝင်တဲ့ ကာဗွန် မိုနောက်ဆိုဒ်တွေကြောင့် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်တွေ နဲ့ ရောဂါအခံ ရှိသူတွေဟာ ဖြစ်နိုင်ရင် အပြင် မထွက်ဘဲ အိမ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်စေဖို့ Antioxidant ကြွယ်ဝတဲ့ အသီးအရွက်တွေကို များများ စားသုံးပေးသင့်ပြီး ရေ၊ Detox Water ဒါမှမဟုတ် ဓာတ်ဆားရည်တို့ကို များများသောက်သုံး ပေးသင့်ပါတယ်။

(၃) မဖြစ်မနေ အပြင်ထွက်ရမယ့် အခါမျိုးတွေမှာလည်း လေထုညစ်ညမ်းမှု အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ Mask တပ်ပြီး သွားသင့်ပါတယ်။

(၄) အခန်းတွင်းလေထုကို သန့်စင်ပေးနိုင်ဖို့ air purifier တွေတပ်ဆင်အသုံးပြုနိုင်သလို အခန်းတွင်းမှာ အပင်ငယ်လေးတွေ စိုက်ပျိုးထားခြင်းကလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

(၅) လေထုညစ်ညမ်းမှု မြင့်တက်နေတဲ့ အချိန်မျိုးမှာ ပြင်းထန်တဲ့ အားကစားတွေနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

Ref ; healthline.com 

Did you find apk for android? You can find new Free Android Games and apps.
Loading