Health

အမျိုးသမီးတွေ ဘာကြောင့် ဝိုင်သောက်သုံးသင့်လဲ

နေ့စဉ်ပုံမှန်  ဝိုင်တဖန်ခွက် သောက်သုံးပေးခြင်းဟာ  အမျိုးသမီးတွေအတွက် ကျန်းမာရေးကျေးဇူးများစွာ ရှိပါတယ်။ အခု  နောက်ပိုင်းမှာ ဝိုင်သောက်သုံးခြင်းနဲ့ ပက်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေ ငြင်းခုံနေကြပေမယ့် အမျိုးသမီးတွေ အနေနဲ့  တော့  ဘာကြောင့် ဝိုင်သောက်သုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သုတေသနပညာရှင်တွေရဲ့လေ့လာချက်အရ အမျိုးသမီးတွေအနေနဲ့ ဝိုင်ကိုမှန်ကန်တဲ့ ပမာဏ အတိုင်း  သောက်သုံး   ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အဆီဆဲလ်တွေပွားများလာခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ ဆိုပါ တယ်။ အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝိုင်မှာပါဝင်တဲ့  Antioxidant  ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၂) အမျိုးသမီးတွေ အသက်အရွယ်ကြီးရင့်လာတဲ့အခါ  ဖြစ်လေ့ရှိတဲ့ အရိုးပါးရောဂါကိုလည်း  နေ့စဉ်ဝိုင်တဖန်ခွက်   သောက်သုံး ပေးခြင်းက ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်သောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ မသောက်သုံးတဲ့ အမျိုးသမီး  တွေကို  နှိုင်းယှဉ်ပြီး သုတေသနပြုလုပ်တဲ့အခါ ဝိုင်သောက်သုံးတဲ့အမျိုးသမီးတွေရဲ့ အရိုးဟာ သိပ်သည်းဆ ပိုများတာ ကြောင့် အရိုးပါး ရောဂါမဖြစ်ပွားတာကို တွေ့ရပါတယ်။

(၃) ဝိုင်မှာပါဝင်တဲ့  Reversterol  ဓာတ်ဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြသနာတွေကို  ကာကွယ်ပေးနိုင်ပြီး ရုတ်တရက်နှလုံးဖောက်ပြန်ခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဝိုင်သောက်သုံးသူနဲ့ မသောက်သုံး သူတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ သောက်သုံးသူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ ၃ ပုံ ၁ ပုံခန့် နည်းပါးတာကို  တွေ့မြင်ရပါ တယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာ ဖြစ်ပေါ်တတ်တဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

Ref. http://healthyeating.sfgate.com

Loading