Health

ပိန်ဆေးတွေက ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်လဲ

Want create site? Find Free WordPress Themes and plugins.

ဒီကနေ့ရဲ့ လူနေမှုဘဝကို စိန်ခေါ်နေတဲ့ အရာတွေထဲမှာ အဝလွန်ခြင်းကလည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ် ဝဖြိုးလာတဲ့အခါ အလှအပနဲ့ ကျန်းမာခြင်းကိုပါ ဆုံးရှုံးရလေ့ရှိတာကြောင့် ဝခြင်းကို နည်းမျိုစုံသုံးပြီး တိုက်ဖျက်ကြပါတော့တယ်။

အချိန်တိုတိုနဲ့ ထိရောက်ချင်သူတွေကတော့ ဈေးကွက်ထဲမှာ နည်းအမျိုးမျိုးနဲ့ ကြော်ငြာနေကြတဲ့ ပိန်ဆေးတွေကို လက်လှမ်းမှီရာ ဝယ်ယူပြီး ကိုယ်အလေးချိန်ကျဆင်းအောင် ပြုလုပ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ပိန်ဆေးတွေက ခန္ဓာကိုယ် ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေနိုင်လဲဆိုတာကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ပိန်ဆေးအများစုရဲ့ သဘာဝဟာ ရက်သတ္တပတ် တပတ်အတွင်းမှာပဲ ပေါင်ချိန်မြန်မြန် ကျဆင်းစေတတ်ပါတယ်။ ခန္ဓာကိုယ် အလေးချိန် ရုတ်တရက် ကျဆင်းတာဟာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေ နိုင်တာကြောင့် ဆရာဝန်နဲ့ သေချာစွာ တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်။

(၂) အမေရိကန်နိုင်ငံမှာ တရားဝင် ရောင်းချ၊ သုံးစွဲခွင့် ပိတ်ပင်ထားတဲ့ 1 Day Diet လိုဆေးမျိုးတွေဟာ လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ Sibutramine ဆိုတဲ့ ပစ္စည်းတမျိုး ပါဝင်ပါတယ်။ ဒီ Sibutramine ရဲ့ ဆိုးကျိုးတွေကတော့ သွေးပေါင်ချိန်ကို ကျဆင်းစေပြီး နှလုံးနဲ့ ပက်သက်တဲ့ ရောဂါရှိသူတွေ သောက်သုံးမယ်ဆိုရင်တော့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

(၃) တချို့သော FDA ခွင့်ပြုချက်မရရှိဘဲ ဖြန့်ဖြူးရောင်းချနေတဲ့ ပိန်ဆေးတွေမှာ သိုင်းရွိုက်ဟော်မုန်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ် များပါတယ်။ ပိန်ဆေးအများစုမှာ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတဲ့ ဆေးဆိုတာမျိုး မရှိတာကြောင့် ပိန်ဆေးတွေ စတင်သောက်သုံးမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေကို သတိပြုဖို့ လိုအပ်ပါတယ်။

(၄) လူတယောက်နဲ့တယောက်ဟာ ခန္ဓာကိုယ်တည်ဆောက်ပုံချင်း မတူသလို ကိုယ်ခံအားလည်း မတူတာကြောင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပိန်ဆေးသောက်သုံးခြင်းကြောင့် ခေါင်းမူးခြင်း၊ အလိုလိုနေရင်း မောပန်း နွမ်းနယ်ခြင်း၊ ရင်တုန်ခြင်း၊ ညအိပ်မပျော်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း အစရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေအပြင် ရေရှည်မှာ ကျောက်ကပ်နဲ့ အသည်းတို့ကို ပျက်စီးစေနိုင်တာကြောင့် သတိပြု သောက်သုံးသင့်ပါတယ်။

Ref : www.drugs.com

Did you find apk for android? You can find new Free Android Games and apps.
Loading