လက်သည်းပွင့်တယ်လို့ အခေါ်များတဲ့ လက်သည်းပေါ်မှာ အဖြူရောင် အစက်အပျောက်လေးတွေ ပေါ်ခြင်းကို အများစုကတော့ စန်းပွင့်တယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ သင့်ရဲ့ စားသောက်နေထိုင်မှု ပုံစံမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တခုခု လိုအပ်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပွင့်ခြင်းက ဘယ်လိုမျိုး ကျန်းမာရေးအခြေအနေကို ညွှန်ပြနေတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။
(၁) လက်သည်းပွင့်ခြင်းဟာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ Calcium Deficiency လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ထုံးဓာတ်လျော့နည်းတဲ့အခါနဲ့ ဇင့် ဓာတ်ချို့တဲ့ အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်နဲ့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ အခွံမာသီးတွေရဲ့ အစေ့အဆန်တွေကို စားသုံးပေးသင့်ပါတယ်။
(၂) လက်သည်းပွင့်ခြင်းဟာ အမြဲလိုလိုကို ဖြစ်ပေါ်နေတယ်ဆိုရင်တော့ ဒါဟာ အစာအိမ်အားနည်းတာ ဒါမှမဟုတ် သွေးအားနည်းရောဂါ ဖြစ်ပေါ်နေတာကို ဖော်ပြနေတာဖြစ်တာကြောင့် ဆရာဝန်နဲ့ သွားရောက်တိုင်ပင် ဆွေးနွေး သင့်ပါတယ်။
(၃) လက်သည်းပွင့်ခြင်းဟာ တခါတရံမှာတော့ ခန္ဓာကိုယ်က ဗီတာမင်ဓာတ်တွေ ချို့တဲ့တာကြောင့် မဟုတ်ဘဲ လက်သည်းရဲ့ အောက်ဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာ တခုခုရရှိခြင်းကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုဆိုရင်တော့ စိုးရိမ်စရာမရှိဘဲ သူ့အလိုလို ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။
(၄) ခန္ဓာကိုယ်တွင်း ဓာတ်တခုခု လျော့နည်းတာကြောင့် မဟုတ်ဘဲ လက်သည်းအတွင်းပိုင်းမှာ မှိုစွဲတာမျိုးကြောင့်လည်း လက်သည်းပွင့်ခြင်း ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တာကြောင့် ကျန်းမာရေးပြသနာတွေ မဖြစ်ပေါ်နိုင်ပေမယ့် မှိုစွဲ နေ တာကြောင့် လက်ကို သေချာစွာသန့်စင်ပေးဖို့ အရေးကြီးပါတယ်။
Ref. https://steptohealth.com