ချင်း(ဂျင်း)ရဲ့အကျိုးအာနိသင်တွေက အများကြီးပါ။ အညှီနံ့ပျောက်အောင် ဟင်းထဲထည့်ချက်ရုံတင်မဟုတ်ဘဲ ကိုယ်တွင်း က အစာကြေဆေးတွေမှာ ထည့်အသုံးပြုကြပါတယ်။
ဂျင်းလက်ဖက်ရည်တခွက်က လည်ချောင်းနာပြီး ချောင်းဆိုးတဲ့အခါ အမြန်ဆုံးသက်သာနိုင်စွမ်းရှိပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းတဲ့ ဂျင်းမှာ တခြား ဘယ်လိုအကျိုးအာနိသင်တွေ ရှိဦးမလဲ လေ့လာ ကြည့်ရအောင်။
နာကျင်တာတွေကို သက်သာ စေပါတယ်တဲ့။ ဂျင်းမှာပါတဲ့ ဓာတ်တမျိုးက နာကျင်ကိုက်ခဲခြင်းတွေကို သက်သာ စေနိုင်တာပါ။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိလို့ ရာစုနှစ်အတော်ကြာ မျိုးဥအိမ်ကင်ဆာအတွက် ဂျင်းကို အသုံးပြုခဲ့ကြပါတယ်တဲ့။
ဂျင်းလက်ဖက်ရည်က အပူလောင်နာကို သက်သာ ပျောက်ကင်းစေပါတယ်။ အိမ်တွင်းကုထုံးအဖြစ် ရှေးယခင် ကတည်းက လည်ချောင်းနာ၊ ချောင်းဆိုးတဲ့အခါ ဂျင်းပြုတ်ရည်ကို အသုံးပြုကြပါတယ်။ ဒါ့အပြင် အစာမကြေ ဖြစ်တဲ့အခါ ဂျင်းဖတ် အနည်းငယ် စားပေးရင် အမြန်ဆုံး သက်သာပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မနက်ဘက် မအီမသာဖြစ်ခြင်း လက္ခဏာကို သက်သာ စေသလို ကိုယ်တွင်း အက်စစ်ရည်ကို ညီမျှအောင်ထိန်းညှိ ပေးလို့ အစာအိမ်နာ အောင့်ခြင်းကို သက်သာစေပါတယ်။
ကြွက်တက်ခြင်းနဲ့ ကြွက်သားနာကျင်ကိုက်ခဲခြင်းကို ဂျင်းအမြစ်က သက်သာစေပါတယ်။ လူသိနည်းတဲ့ ဂျင်းရဲ့ အကျိုး အာနိသင်တခုက သွားကိုက်ခြင်းကို သက်သာစေတာပါ။ သွားကိုက်တာအပြင် ခေါင်းကိုက်ခြင်းနဲ့ ကာလကြာရှည် ခေါင်း တခြမ်း ကိုက်ခဲခြင်းရောဂါတွေကိုပါ သက်သာစေပါတယ်။
ကိုယ်တွင်း သကြားဓာတ်ကို လျော့ချနိုင်ပြီး နှလုံးရောဂါနဲ့ ဆီးချိုးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ် ခန္ဓာက အဆီပိုတွေ ကျစေသလို ကိုလက်စထရောပါ လျော့ကျစေလို့ သွယ်လျလှပချင်တဲ့ ပျိုမေတို့အတွက် အထူး သင့်တော် ပါတယ်။
ဒါကတော့ ကိုယ်ခန္ဓာကို အကျိုးပြုစေတဲ့ ဓာတ်တွေအများကြီးပါတဲ့အပြင် အိမ်တိုင်းရဲ့မီးဖိုးချောင်မှာ အမြဲရှိတဲ့ ဂျင်း ရဲ့ အကျိုးအာနိသင်တွေပါ။ လက်စွဲဆောင်ထားရင် အိမ်တွင်းသမားတော်တယောက်လို ကာကွယ်ပေးနိုင်ပါတယ်။
Ref: Better Me