Health

နေ့စဉ်လိုအပ်တဲ့ပမာဏထက် သကြားအလွန်အကျွံစားမိနေပြီလား

Want create site? Find Free WordPress Themes and plugins.

သကြားအချို မကြိုက်တဲ့သူ ရှားပါလိမ့်မယ်။ ကော်ဖီ၊ လက်ဖက်ရည်သောက်ပေမယ့် ချိုမှ၊ အချိုပွဲလေးဆိုလည်း ချိုမှ၊ အသီးဖျော်ရည်သောက်ရင်တောင်ချိုမှ နောက်ဆုံး ဟင်းထဲတောင် ချိုအောင် သကြားလေးထည့်လိုက်ရမှ ကျေနပ် နေသူတွေ ရှိပါတယ်။ ဒီလို အချိုအရသာ အကြည်ကာဗွန်ဟိုက်ဒရိတ်အခဲလေးတွေက သင့်ကျန်းမာရေးကို ဆိုးကျိုး တွေသက်ရောက်တယ်ဆိုတာ သိပါလား။

အမေရိကန်နိုင်ငံ နှလုံးအဖွဲ့ကြီးရဲ့လေ့လာချက်အရ အမျိုးသားတဦးဟာ တနေ့ကို သကြားပမာဏ ၃၇.၅ ဂရမ်၊ အမျိုးသမီး တဦးကတော့ သကြားပမာဏ ၂၅ ဂရမ်လောက်စားပေးရင် လုံလောက်ပါပြီ။ နေ့စဉ်လိုအပ်ချက်ထက် ကျော်လွန်အောင် အချိုတွေစားမိနေပြီဆိုရင် သတိထားမိလာမယ့်အချက်က ခြေထောက်ဖောရောင်လာတာပါ။

သကြားမှာပါတဲ့ ဓာတ်တမျိုးက ခန္ဓာကိုယ်ထဲ လိုတာထက် ပိုရောက်သွားရင် ဖောရောင်တာကို ဖြစ်စေပါတယ်။ ကိုယ်တွင်း သကြားဓာတ်များခြင်းကို သိစေနိုင်တဲ့ ရောဂါလက္ခဏာတွေ အများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ သတိပြုရမယ့် အချက်တွေ ရှိပါတယ်။

သကြားဓာတ်ကို အချိန်တိုင်း တောင့်တလာပြီဆိုရင် ဒါဟာ သင်အချိုနဲ့ ဆက်နွှယ်တဲ့ရောဂါဖြစ်တော့မယ့် လက္ခဏာပါ။ မူးယစ်ဆေးလိုပဲ မသုံးရရင် မနေနိုင်အောင် ဖြစ်လာတာပါ။ နေ့စဉ်လိုအပ်တာထက် ပိုစားချင်လာပြီဆိုရင် ဆင်ခြင်သင့် ပါပြီ။

တခါတလေ ကိုယ်ခန္ဓာက သကြားဓာတ်လိုတဲ့အခါ နုံးချိလာပြီး မလှုပ်ချင်လောက်အောင် မောပန်းလာတာမျိုး အချက်ပြ တတ်ပါတယ်။ ဒီလိုမဟုတ်ပဲ သကြားစားလိုက်မှ လန်းဆန်းလာသလိုမျိုး မစားမိရင် နုံးချိသွားတာမျိုး က ပုံမှန်မဟုတ်ပါဘူး။ သကြားဓာတ်စွဲနေတဲ့ ရောဂါလက္ခဏာပါ။

သကြား အစားများနေပြီဆိုတာ သိသာစေတဲ့ နောက်ထပ်အချက်ကတော့ မျက်နှာပေါ်မှာ အဖုအပိမ့်တွေ ပေါက်လာတာ ပါ။ တခါတလေမဟုတ်ပဲ အမြဲပေါက်နေပြီဆိုရင် သကြားတွေအစားများနေပြီလား စဉ်းစားသင့်ပါပြီ။ နောက်ထပ်သိသာ စေတဲ့အချက်က ကိုယ်အလေးချိန် တက်လာတာပါ။ ပုံမှန်ကိုယ်အလေးချိန်ကို မထိန်းနိုင်ပဲ တက်လာပြီဆိုရင် အချိုများ တာတွေ စားမိလာလို့ပါ။

ပြင်ပလက္ခဏာတွေပြသလိုပဲ စိတ်ပိုင်းဆိုင်ရာဘက်မှာလည်း တမူပြောင်းလဲလာတတ်ပါတယ်။ အချို များများ စားတဲ့သူ တွေက တခြားလူတွေထက် စိတ်ပိုဆတ်တယ်လို့ဆိုပါတယ်။ သင့်စိတ်အရင်လိုမဟုတ်ပဲ နည်းနည်း အဆင်မပြေတာနဲ့ စိတ်ဆိုးလွယ်လာတယ်ဆိုရင် အချိုတွေ အစားများနေခဲ့လို့ပါ။

ခံတွင်းနဲ့သွားကျန်းမာရေးအတွက် ၆ လတကြိမ် (သို့) ၁ နှစ်တကြိမ် ပုံမှန်ပြသဖို့လိုအပ်ပါတယ်။ သွားဆရာ ဝန်ပြလို့ အရင် တခေါက်ကထက် သွားကြွေလွှာတွေပျက်စီးနေပြီဆိုရင် အချိုစားတာ လျော့ဖို့လိုနေပါပြီ။ နောက်ဆုံးအဆင့်ကတော့ အချို ဘယ်လောက်စားစား မတင်းတိမ်ပဲ ထပ်ခါထပ်ခါ စား ချင်နေတာပါ။ ဒီလိုဖြစ်လာ ပြီဆိုရင် အစားအသောက်ကို ထိန်းရမယ့် အပြင် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ တိုက်တွန်း ချင်ပါတယ်။

Ref: Providr

Did you find apk for android? You can find new Free Android Games and apps.
Loading