အားလပ်ရက်တွေမှာ သောက်နေကျကော်ဖီကို အသားအရေအတွက် အကျိုးရှိစေမဲ့ body scrub လုပ်ကြည့်ကြရအောင်။ ကော်ဖီ Scrub က အသားအရေကိုပြန်လည်ဖြည့်တင်းပေးပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေး ပါတယ်။ ဒါ့အပြင်ခြောက်သွေ့တဲ့အသားအရေအတွက် အထောက်အကူ ပြုနိုင်ပါတယ်။ မျက်နှာမှာ ပေါင်းတင်ကြည့်မယ်ဆိုရင် ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့အတွက် ဖောင်ဒေးရှင်းလိမ်းတဲ့အခါ သင့်အသားက ချောမွတ်နေမှာပါ။
ပြုလုပ်နည်း
ကော်ဖီ်မှုန့်အစစ် စားပွဲတင်ဇွန်း ၃ ဇွန်းစာယူပါ။
ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းသုံးပါ။ (သံလွင်ဆီကို အသုံးပြုမယ်ဆိုရင် ဝက်ခြံသမားတွေအတွက် မသင့်တော်ပါဘူး။ အဆီပြန်အသားရေ၊ ခြောက်သွေ့တဲ့အသားအရေနဲ့ သာမန်အသားအရေအတွက် နေကြာဆီကတော့ အသင့်တော်ဆုံးပါ။
ပြီးနောက်ပါဝင်ပစ္စည်းအားလုံးရောမွှေပြီး အသုံးပြုနိုင်ပါပြီ။
ဘယ်လိုအသုံးပြုရမလဲဆိုရင် ရေမချိုးခင် scrub ကို လက်ဖဝါးထဲထည့်ပြီး ခန္ဓာကိုယ်အနှံ့သေချာစွာနှိပ်နယ်ပါ။ ပြီးနောက် ရေဆေးချပါ။ ပြောင်းလဲလာတဲ့ အသားအရေကို သင်ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။
ဒီလို Scrub ကို အားနေတဲ့အချိန်၊ ပျင်းနေတဲ့အချိန် မီးဖိုချောင်ထဲက ပစ္စည်းသုံးပြီး အလွယ်တကူလုပ်လို့ရပါတယ်။ မှန်ထဲမှာ ပိုလှလာတဲ့ သင့်ကိုသင်မြင်ရဖို့ ဒီလိုမျိုး အချိန်ပေးပြီး လုပ်ကြည့်ပေးနိုင်ပါတယ်။