အသက်အရွယ်ရောက်လာတဲ့အမျိုးသမီးတွေမှာ မျက်လုံးနားမှာ အရေးကြောင်းအများဆုံး တွေ့ရလေ့ ရှိပါတယ်။ သင်ဘယ်လောက်လှပါတယ်၊ နုပျိုပါတယ်ပြောပြော အရေးကြောင်းတွေနဲ့ ရယ်လိုက်တဲ့အခါ ကြည့်ကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် မျက်နှာမှာ အရေးကြောင်းတွေအစောကြီးမပေါ်အောင် အောက်က နည်းလမ်း၄ မျိုးနဲ့ ထိန်း ကြည့်ပါ။
– ကြက်ဥအကာ
ကြက်ဥအကာ ၁ လုံးနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းစာကိုရောမွှေပါ။ ရလာတဲ့အရည်ကို မျက်နှာအနှံ့ အထူးသဖြင့် မျက်လုံးတဝိုက် လိမ်းပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနဲ့ ဆေးချပါ။
– နွားနို့နှင့် အုတ်ဂျုံ
အုတ်ဂျုံစားပွဲတင်ဇွန်း ၂ ဇွန်း နှင့် နွားနို့ခွက်တဝက်ခန့်စာ ရောပါ။ မျက်နှာသစ်ပြီး လည်ပင်းနှင့် မျက်နှာတဝိုက်ကို စက်ဝိုင်း ပုံသဏ္ဍာန်နှှိပ်နယ်ပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနှင့် ဆေးချပါ။ တပတ် ၃ ရက်ခန့် လုပ်ပါ။
– ငှက်ပျောသီးနှင့် ထောပတ်သီး
ထောပတ်သီးအလုံးသေးတလုံးကို အသားနွှာပြီး ခက်ရင်းဖြင့်မွှေပါ၊ ပြီးနောက် ငှက်ပျောသီးပါရောထည့်ပြီး ရောသွားသည်အထိ မွှေပါ။ မျက်နှာ၊ လည်ပင်းနှင့် ပါးရိုးတလျှောက်လိမ်းပြီး မိနစ် ၃၀ ထိထားပါ။
– သခွားသီးနှင့် ရှားစောင်း
ရှားစောင်း လက်ပက်ဂျယ်လ်နှင့် သခွားသီးတလုံးရောချေပြီး နယ်ပါ။ ရေနည်းနည်း ရောပြီးတော့လည်း အသုံးပြု နိုင်ပါတယ်။ မျက်နှာမှာ တညလုံးလိမ်းထားပြီး မနက်မှ ရေဆေးချပါ။ တပတ်တကြိမ် လုပ်ပါ။
အခုပြောပြထားတဲ့ နည်းလမ်းတွေက အရမ်းကိုလွယ်ကူရိုးရှင်းပြီး အသားအရေအတွက်လည်း အမှန်တကယ်အကျိုးရှိတာကြောင့် စမ်းသပ်ကြည့်ရင် အရေးကြောင်းကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။