သင့်မျက်လုံးတွေဟာ သင့်ကျန်းမာရေးရဲ့ ပြတင်းပေါက်တွေပဲ ဖြစ်ပါတယ်။ မျက်လုံးတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေ တစိတ်တပိုင်းကို ဖော်ပြနိုင်တာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေ လိုက်ပါတယ်။
(၁) မျက်ခုံးမွှေးများ ပါးသွားခြင်း
မျက်ခုံးမွှေးတွေဟာ သူ့အလိုလို တဖြေးဖြေး ပါးလျားသွားတယ်ဆိုရင်တော့ Thyroid (သိုင်းရွိုက်) လို့ ခေါ်တဲ့ ဂလင်းမှာ ပြဿနာ အနည်းငယ်ရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီဂလင်းဟာ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးမှုကို ထိန်းညှိပေးတဲ့ ဒြပ်တမျိုးကို ထုတ်ပေးပြီး လည်မျိုရဲ့ အရှေ့ပိုင်းမှာ တည်ရှိပါတယ်။ မျက်ခုံးမွှေးတွေ အကုန်ပျောက်သွားတာမျိုး မဟုတ်ဘဲ နည်းနည်းစီ ပြန်ပေါက်လာတယ်ဆိုရင်တော့ ရှားပါးတဲ့ ကင်ဆာရောဂါတမျိုးရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
(၂) ကွန်ပျူတာ အသုံးပြုနေစဉ် မျက်လုံးများ ဝေဝါးသွားခြင်း
ကွန်ပျူတာ အသုံးပြုနေစဉ်မှာ မျက်လုံးတွေ ဝေဝါးလာတယ် ဆိုရင်တော့ ကွန်ပျူတာ အလင်းရောင် စူးရှမှုကြောင့်ဖြစ်ပြီး ကွန်ပျူတာ အကြည့်များတဲ့အတွက် ဖြစ်ပေါ်လာတဲ့ Computer Vision Syndrome ဆိုတဲ့ ရောဂါတမျိုးပဲ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာဖြစ်တဲ့ မြင်ကွင်းထဲမှာ အလင်းရောင် အစက်အပြောက်လေးတွေ ပေါ်လာတတ်ပြီး သိပ်မကြာခင် ခေါင်းကိုက် လာတတ်တာမို့ မျက်လုံးဆရာဝန်တွေနဲ့ သွားရောက်ပြသသင့်ပါတယ်။
(၃) မျက်လုံးအရောင် ပြောင်းခြင်း
ကျန်းမာရေးေ ကာင်းတဲ့သူတွေရဲ့ မျက်လုံး နောက်ခံအရောင်ဟာ အဖြူရောင်ဖြစ်ပေမယ့် အဝါရောင်ဘက် အနည်းငယ် သမ်းနေပြီဆိုရင်တော့ ဒါဟာ အသည်း ၊သည်းခြေအိတ်နဲ့ သည်းခြေပြွန်တို့နဲ့ ပက်သက်တဲ့ ကျန်းမာရေး ပြဿနာ တခုခု ရှိနေပြီဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ အမြင်အာရုံမှာ နှစ်ထပ်ဖြစ်တာနဲ့ ရုတ်တရက် ဆိုသလို မျက်လုံးထဲ ပြာခနဲ ဖြစ်ပြီး ဘာမှ မမြင်ရတာမျိုးကို မကြာခဏ ဖြစ်တတ်တယ်ဆိုရင်တော့ မျက်လုံးကို ဘယ်လို အထိအခိုက်ရှိမိလဲ ဆိုတာကို ပြန်လည် စဉ်းစားကြည့်သင့်ပါတယ်။
Ref: newhealthy-lifestyle.info