Health

ခြေဖနောင့် ကွဲအက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်မယ့် အိမ်တွင်း ကုထုံးနည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

ခြေဖနောင့်ကွဲတာဟာ ဆောင်းတွင်းမှ မဟုတ်ပါဘူး၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေ၊ လမ်းများများ  လျှောက်ရ သူတွေနဲ့ ကြာကြာမတ်တပ်ရပ်ရသူ အများစုဟာ ခြေဖနောင့်ကွဲအက်ခြင်း ဝေဒနာကို ခံစားရတတ်ပါတယ်။ ခြေဖနောင့် ကွဲအက်ခြင်းကို ကုသမှုမပြုဘဲ ဒီတိုင်းထားလိုက်မယ်ဆိုရင်တော့ ကွဲအက်နေတဲ့ အရေပြားကနေတဆင့် ပိုးဝင်ပြီး မလို လားအပ်တဲ့ ကျန်းမာရေး ပြသနာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ခြေဖနောင့်ကွဲအက်ခြင်းကို ကုသပေး  နိုင်တဲ့ အိမ်တွင်း ကုထုံး သဘာဝ နည်းလမ်းကောင်းတွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) နှမ်းဆီ၊ အုန်းဆီနဲ့ သံလွင်ဆီ အစရှိတဲ့ သဘာဝအဆီတွေဟာ ခြေဖနောင့်ကွဲအက်ခြင်းကို ကုသပေးနိုင်တဲ့ အကောင်းဆုံး သဘာဝပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ညအိပ်ရာဝင်ကာနီးတိုင်း ဒီသဘာအဆီ ၃ မျိုးထဲက မိမိနှစ်သက်ရာ အဆီတမျိုးမျိုးကို ခြေဖနောင့် ကွဲအက်နေတဲ့နေရာပေါ်မှာ လိမ်းပေးပြီး ခြေအိတ်စွပ်ပြီး အိပ်ပေးမယ်ဆိုရင်တော့ မကြာခင်မှာပဲ ခြေဖနောင့်ကွဲအက်တဲ့ ဝေဒနာကနေ သက်သာ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

(၂) ရေခပ်နွေးနွေးထဲကို ပျားရည် ထမင်းစားဇွန်း  ၅ ဇွန်းလောက်ထည့်ပြီး  ခြေထောက်ရေစိမ်ပေးပြီး  ခြေဖနောင့်  ကွဲအက်နေတဲ့ နေရာကို ဘရက်ရှ်နဲ့ အသာအယာ ပွတ်တိုက် ပေးခြင်းအားဖြင့်လည်း သက်သာ  ပျောက်ကင်း  စေနိုင်ပါတယ်။

(၃) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ မန်ကျည်းသီးအနည်းငယ်ကို ဆား လက်ဖက်ရည်ဇွန်း တဇွန်းခန့်နဲ့  ရောပြီး  ခြေဖနောင့်ကွဲအက်တဲ့နေရာပေါ်မှာ ပွတ်တိုက်ပေးမယ်ဆိုရင်လည်း ခြေဖနောင့်ကွဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

(၄) ကြေညက်အောင်ခြေထားတဲ့ ငှက်ပျောသီးတစ်လုံးကို ခြေဖနောင့်ကွဲအက်နေတဲ့နေရာပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာမှာ ရေနဲ့ ပြန်လည်ဆေးကြောပေး  ခြင်းကလည်း ခြေဖနောင့်ကွဲခြင်းကနေ ပျောက်ကင်းသက်သာ            စေနိုင်ပါတယ်။

Ref. http://www.naturallivingideas.com

Did you find apk for android? You can find new Free Android Games and apps.
Loading