အလှအပဟာ ဒီနေ့ခေတ်မှာ အမျိုးသမီးတွေအတွက် တင်မကဘဲ အမျိုးသားတွေအတွက်ပါ အရေး ပါလာပါပြီ။ မျက်နှာမှာ ဝက်ခြံဘုတွေ များမနေဘဲ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်စေဖို့ အမျိုးသားတွေ အတွက် အသားအရေ ထိန်းသိမ်းနည်းကို ဝေမျှပေးလိုက်ပါတယ်။
(၁) သန့်စင်စွာ ဆေးပါ
မျက်နှာဆေးကြောတဲ့အခါ ကြေး(ဂျီး) တွေ ပြောင်စင်အောင် ဆေးပါ။ အထူးသဖြင့် Glycolic Acid ပါဝင်တဲ့ မျက်နှာသစ်ဆေးမျိုးကို နံနက်တကြိမ် ညတကြိမ် ဆေးပါ။ ဆဲလ်အသေတွေ ဖယ်ရှာပေးဖို့ Scrub ကို တပတ်တကြိမ်လောက်တော့ လုပ်ပေးသင့်ပါတယ်။
(၂) Moisturizer သုံးပါ
အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ပါတဲ့ ခရင်မ်မျိုး လိမ်းသင့်ပါတယ်။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ Skincare မျိုး မေးစမ်းပြီး သုံးသင့်ပါတယ်။
(၃) ရေဓာတ် ပြည့်ဝအောင် နေပါ
ကျန်းမာတဲ့ အသားအရေအတွက် ရေဓာတ်က မရှိမဖြစ် လိုအပ်ပါတယ်။ အရက်နဲ့ ကေ်ာဖီ အလွန်အမင်း သောက်တာကို ရှောင်ကြဉ်ပြီး တနေ့ကို ရေ အနည်းဆုံး ၈ ခွက်သောက်ပါ။
(၄) စိတ်ဖိစီးမှု နည်းပါစေ
စိတ်ဖိစီးမှု များလာတဲ့အခါ ကျန်းမာတဲ့ အသားအရေကို ပျက်စီးစေပြီး ဝက်ခြံနဲ့ အရေးကြောင်းတွေ ဖြစ်စေပါတယ်။ တနေကုန် စိတ်ညစ်စရာတွေ တွေးမနေဘဲ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေ လုပ်ဆောင်ကြည့်ပါ။
(၅) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုနဲ့ ကိုလာဂျင် ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဆေးလိပ် သောက်တာများတဲ့အခါ နှုတ်ခမ်းတဝိုက် မည်းလာပြီး နဂိုအသားအရောင်က မှိန်ပြီး ပျက်စီးတာမျိုး ဖြစ်စေပါတယ်။
မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာတရပ် ဖြစ်တာကြောင့် အမျိုးသားတွေအနေနဲ့ အသားအရေ ထိန်းသိမ်းတာ ရှက်စရာ မဟုတ်ပါဘူး။