ဆေးဝါးနဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့အခါ အများဆုံးအသုံးပြုလေ့ရှိတဲ့ ပျားဖယောင်းဟာ အသားအရေ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ သဘာဝပစ္စည်းတမျိုး ဖြစ်တာကြောင့် ပျားဖယောင်းရဲ့ အသားအရေ အတွက် အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတတ်သူတွေအတွက် နှုတ်ခမ်းအစိုဓာတ်ကို ပြန်လည် ထိန်းညှိပေးမယ့် Lip Balm (နှုတ်ခမ်းဆီ) ကို ပျားဖယောင်း အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ပျားဖယောင် လက်ဖက်ရည်ဇွန်း ၅ ဇွန်းစာကို အပူပေးပြီး သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပေးပါ။ ပြီးရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ သံပုရာ ဒါမှမဟုတ် တခြားသော အနံ့အဆီတမျိုးမျိုးကို ၁၀ စက် ရောပြီး နှုတ်ခမ်းဆီဘူး အဖြစ် အသုံးပြုမယ့် ဘူးထဲထည့်ပြီး အအေးခံထားပေးရုံနဲ့ နှုတ်ခမ်း သား ခြောက်သွေ့သူတွေအတွက် အသုံးဝင်စေမယ့် Lip Balm ရရှိမှာပဲ ဖြစ်ပါတယ်။
(၂) ညဘက် အိပ်ရာဝင်ကာနီးတိုင်းမှာ အသုံးပြုလေ့ရှိတဲ့ Night Cream ဟာ အသားအရေ လျော့တွဲခြင်းကို ကာကွယ် ပေးပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်း ပေးနိုင်ပါတယ်။ ပျားဖယောင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ သံလွင်ဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ဗီတာမင် E capsule ၃ တောင့်နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနံ့ဆီ ၅ စက် ထည့်ပြီး အအေးခံထားပေးရုံနဲ့ သင့်အသားအရေကို စိုပြေတောက်ပစေမယ့် ပျားဖယောင်း Night Cream ကို ရရှိစေမှာ ဖြစ်ပါတယ်။
(၃) ပျားဖယောင်းဟာ ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် အရေပြား ယားယံရောင်ရမ်းခြင်းတွေနဲ့ အရေကြည်ဖုထားခြင်း တွေကို သက်သာစေနိုင်ပါတယ်။ ပျားဖယောင်းအနည်းငယ်ကို အပူပေးပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောပြီး အသားအရေ Allergic ဖြစ်တဲ့နေရာမှာ လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။
Ref. https://wellnessmama.com