ဒူးနဲ့ တံတောင်ဆစ် အသားအရေတွေဟာ ဆဲလ်သေတွေ အများအပြား စုပုံနေတတ်တာကြောင့် ကြမ်းတမ်းပြီး ညိုမည်း လာတတ်ပါတယ်။ မကြာခဏ လက်ထောက်ပြီး ထိုင်တတ်သူတွေအများစုဟာ တံတောင်ဆစ်ညိုမည်း တတ်တာကြောင့် လက်ခဏခဏ ထောက်ပြီး ထိုင်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်သင့်ပါတယ်။
အမျိုးသမီးတွေ စကတ်တို ဝတ်တဲ့အခါ ဒူးဆစ်တွေ ညိုမည်းတာတွေက ကြည့်ရဆိုးတာကြောင့် ဒူး၊ တံတောင်ဆစ် ညိုမည်းလို့ စိတ်ညစ်နေသူတွေအတွက် အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သခွားသီးမှာ အသားအရေကို ကြေး (ဂျီး) ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် သခွားသီးကို ခပ်ထူထူလေး စိတ်ပြီး ညိုမည်းနေတဲ့ ဒူးနဲ့တံတောင်ဆစ်တွေပေါ်မှာ ၁၅ မိနစ်ခန့် ပွတ်တိုတ်ပေးပါ။ ပြီးရင် ရေခပ်အေးအေးနဲ့ ဆေးကြောပေးရုံနဲ့ ဒူးနဲ့ တံတောင်ဆစ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်သလို သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင် အေနဲ့ စီက သင့်အသားအရေကို စိုပြည် ကြည်လင်စေမှာ ဖြစ်ပါတယ်။
(၂) သံပရိုသီးကို တခြမ်း ခြမ်းထားတဲ့ သံပရို ခြမ်းပေါ်မှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်သုတ်ပြီး တံတောင်ဆစ်နဲ့ ဒူးဆစ်တွေပေါ်မှာ ၅ မိနစ်လောက်ပွတ်ပေးပါ။ ပြီးရင်တော့ တစ်ရှုးစလေးနဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းအတိုင်း တပတ်မှာ ၂ ကြိမ် ၃ ကြိမ်ပြုလုပ်ပေးရုံနဲ့ ညိုမည်းနေတဲ့ ဒူးနဲ့တံတောင်ဆစ်တွေ ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။
(၃) အာလူးမှာ အသားအရေကို သဘာဝအတိုင်းဖြူဝင်းစေနိုင်စွမ်း ရှိတာကြောင့် အာလူးကို ခြစ်ထားပြီး ရလာတဲ့ အာလူးရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ဒူးနဲ့ တံတောင်ဆစ်နေရာတွေမှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ကြာရင် ရေနဲ့ ပြန်လည် ဆေးကြောပေးခြင်းအားဖြင့် အချိန်တိုအတွင်း ဒူးနဲ့ တံတောင်ဆစ်ညို မည်းခြင်းတွေကို ပျောက်ကင်း သက်သာစေမှာ ဖြစ်ပါတယ်။
(၄) နနွင်းမှုန့် အနည်းငယ်နဲ့ နွားနို့လက်ဖက်ရည် ဇွန်းတဇွန်းကို ရောစပ်ပြီး ညိုမည်းနေတဲ့ ဒူးနဲ့ တံတောင်ဆစ် နေရာတွေမှာ လိမ်းပေးပြီး ခြောက်သွေ့အောင် ထားပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြောသန့်စင်ပေးရုံနဲ့ ဒူးနဲ့ တံတောင်ဆစ်တွေကို ပြန်လည် ုဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။
Ref : brightside.me