လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဆားကို ဟင်းချက်ရာမှာ အသုံးပြုတဲ့အပြင် အိမ်သန့်ရှင်းရေးမှာပါ အသုံးပြုခဲ့ ကြပါတယ်။ အိမ်သုံးဆားဟာ ဟင်းချက်ရာမှာသာမက တခြားသော နေရာတွေမှာ အသုံးတည့်လှတာကြောင့် အိမ်ရှင်မတွေအတွက် အိမ်သုံးဆားရဲ့ ထူးထူးခြားခြား အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသား ဖော်ပြ လိုက်ပါတယ်။
(၁) စဉ်းနှီတုံး ဒါမှမဟုတ် စဉ်းှနှီပြားတွေဟာ အသုံးပြုချိန် ကြာလာတာနဲ့အမျှ စင်းရာခြစ်ရာတွေနဲ့ ညိုညစ်ညစ် ဖြစ်လာတတ်တာကြောင့် ဒီပြဿနာအတွက် အိမ်သုံးဆား ခပ်များများကို စဉ်းနီတုံးပေါ်တင်ပြီး သံပုရာခြမ်းတစ်ခြမ်းနဲ့ ပွတ်တိုက်ပေးရုံနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) ကော်ဖီခွက်တွေနဲ့ ရေနွေးထည့်သောက်တဲ့ ခွက်တွေဟာ ကော်ဖီနဲ့ လက်ဖက်ရည်ချိုးတွေကြောင့် ဘယ်လောက် တိုက်တိုက် မပြောင်တော့တဲ့ အခါမျိုးတွေမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း တဇွန်းနဲ့ ရှာလကာရည် လက်ဖက်ရည်ဇွန်း တဇွန်းတို့ကို ခွက်ထဲ လောင်းချပေးပြီး ပွတ်တိုက် ဆေးကြောပေးရုံနဲ့ အညစ်အကြေးတွေ ပြောင်လက်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၃) ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ အိုးခွက်နဲ့ ဒယ်အိုးတွေမှာ ဟင်းချိုးတွေ ကပ်နေတဲ့အခါ ဆားအနည်းငယ်ကို အိုးထဲထည့်၊ ရေနွေးအနည်းငယ် လောင်းချပေးခြင်းအားဖြင့် ၅ မိနစ်အတွင်း ဟင်းချိုးတွေကွာကျလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၄) ဆီလီကွန်ခေါင်းအုံးအများစုဟာ အသုံးပြုတာကြာလာတာနဲ့အမျှ မူလအဖြူရောင်ကနေ ဝါညစ်ညစ်ရောင် ပြောင်းလာ တတ်ကြပါတယ်။ ဒီလိုမျိုး ကြုံတွေ့တဲ့အခါ အိမ်သုံးဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆိုဒါရည်ဘူး တဝက်စာလောက်နဲ့ ရေနွေး အနည်းငယ်ကိုရောပြီး သန့်ရှင်းပေးရုံနဲ့ မူလအတိုင်း ပြန်လည်တောက်ပလာစေမှာ ဖြစ်ပါတယ်။
(၅) မီးပူမှာ မီးပူဂျိုးတွေ ကပ်နေတဲ့အခါမျိုးတွေမှာလည်း သတင်းစာတရွက်ပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး ဖြူးထားတဲ့ ဆားပေါ်မှာ မီးပူနဲ့ တိုက်ပေးရုံနဲ့ မီးပူဂျိုးတွေကွာပြီး သန့်ရှင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Ref : brightside.me