ဝတဲ့သူအများစုက အစာကို မကြာခဏ စားတတ်ကြသလို သူတု့ိစားသုံးနေတဲ့ အစားအစာတွေမှာလည်း ကယ်လိုရီ အများကြီး ပါဝင်နေပါတယ်။ အထူးသဖြင့် မကြာခဏ ဆာလောင်မှုကိုခံစားရတတ်ပြီး တရစပ် စားသုံးလေ့ ရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ်ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို စိတ်ကျန်းမာရေးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မကြာခဏ စားတာကြောင့် အဝမလွန်စေဖို့ အောက်က နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို သိပါ
သင့်မှာ အခြား စိတ်ပိုင်းဆိုင်ရာ ပြသနာတွေခံစားနေရလားဆိုတာ သိဖို့လိုအပ်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ စိတ်ကျရောဂါ ခံစားရတဲ့အချိန်မှာလည်း အစား မကြာခဏ စားတတ်ပါတယ်။
(၂) ပန်းတိုင်ထားပါ
သင်လိုချင်တဲ့ ခန္ဓာကိုယ်ရဖို့ ပန်းတိုင်တခု သတ်မှတ်ပါ။ ဒါမှမဟုတ် ဘယ် အစားအစာတွေကို မစားတော့ဘူး ဆိုတာမျိူး သတ်မှတ်ပြီး ချရေးပါ။
(၃) နံနက်စာစားပါ
တနေ့တာအတွက် နံနက်စာက အရေးကြီးတာကြောင့် မလွတ်ပါစေနဲ့။ နံနက်စာ မစားတာက သင့်ကို တနေ့တာလုံး ပိုမို ဆာလောင်စေပါတယ်။
(၄) လက်ဖက်စိမ်း သောက်ပါ
ဗိုက်ပြည့်နေဖို့နဲ့ ကိုယ်အလေးချိန် လျော့ကျဖို့ အတွက်ဆို လက်ဖက်စိမ်း (သို့မဟုတ်) Black Coffee သောက်နိုင်ပါတယ်။
(၅) ပရိုတင်းဓာတ် ပြည့်ဝပါစေ
ကြက်ရင်အုံသား၊ တု့ိဟူး၊ ငါးနဲ့ အသီးအရွက်တွေက ပရိုတင်းဓာတ် ပြည့်ဝစွာ ပါဝင်တာကြောင့် သင့်ကို ဗိုက်ပြည့်စေမှာပါ။
(၆) အချိန်၂ နာရီခြား တခါ စားပါ
အစာနည်းနည်းချင်းစီကို ခဏခဏ စားတာမျိုး၊ ၂ နာရီခြား (သို့မဟုတ်) ၃ နာရီခြား တခါလောက် စားတာမျိုး လုပ်ပါ။
(၇) ရေသောက်ပါ
အဆာပြေ မုန့်စားပြီးချိန်နဲ့ နေ့လည်စာ မစားချိန်ကြားထဲမှာ ရေသောက်ပေးပါ။ တခါတလေမှာ ဗိုက်တကယ် မဆာဘဲ ရေဆာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
(၈) အသင့်စား အစာတွေရှောင်ပါ
ဝိတ်အမြန် တက်စေမယ့် အသင့်စား အစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော် စတာတွေကို မစားပါနဲ့။
(၉) ဂျင်း
အစာစားပြီးလို့ မိနစ် ၃၀ ကြာတဲ့အထိ ဗိုက်ဆာနေတယ်ခံစားရရင် ဂျင်းတဖဲ့လောက် ယူပြီး ဝါးကြည့်ပါ။ တနာရီ လောက်အထိ သင့်ဆာလောင်မှုကို ထိန်းထား ပေးနိုင်ပါတယ်။
အိပ်ရေးမဝတာကြောင့် ဆာလောင်မှုကို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် သင်ဟာ အိပ်ရေးမဝတဲ့အချိန် ဗိုက်ဆာတယ်ဆိုရင် အိပ်လိုက်ပါ။
ဒီလိုနည်းလမ်းတွေနဲ့ အစားတွေ တရစပ် စားချင်တဲ့စိတ်ကို ထိန်းချုပ်ကြည့်နိုင်ပါတယ်။
Ref : stylecraze.com