Health

အရေပြားဆိုင်ရာ ဆေးပညာရှင် အများစု သုံးစွဲရန် အကြံပြု မထားတဲ့ အလှကုန်ပစ္စည်းများ

အလှကုန်ပစ္စည်း အမျိုးအစားတွေ ပေါပေါများများ တွေ့နိုင်တဲ့ ယခုခေတ်မှာ တချို့သော အလှကုန်ပစ္စည်းတွေဟာ အရေပြားဆိုင်ရာ ဆေးပညာရှင်တွေ ကိုယ်တိုင် သုံးစွဲဖို့ အကြံပြုထားခြင်း မရှိတဲ့ အလှကုန်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဈေးကွက်မှာ ကြော်ငြာနေကြတဲ့ အလှကုန်ပစ္စည်း များစွာထဲကမှ  အသုံးမပြုသင့်တဲ့ အလှကုန်ပစ္စည်း တွေကို  ဖော်ပြပေး လိုက်ပါတယ်။

(၁) အရေပြားဆိုင်ရာ ဆေးပညာရှင်တွေ အကြံပြု မထားတဲ့ အလှကုန် ပစ္စည်းတွေထဲမှာ Hand and Body Lotion တွေ ဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Lotion အများစုဟာ ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ခြောက်သွေ့နေတဲ့ အသားအရေတွေကို ခဏတာ စိုပြေစေမှာ မှန်ပေမယ့် အသားအရေအတွက်တော့ Cream တွေ လောက် အာဟာရဓာတ် ပြည့်ဝစေမှာ မဟုတ်ပါဘူး။

Cream အများစုဟာ စစလိမ်းချင်းမှာ အနည်းငယ် ကပ်စေးစေးနိုင်တာ မှန်ပေမယ့် သင့်အသားအရေကို စိုပြည်စေပြီး လုံလောက်တဲ့ အာဟာရဓာတ်တွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

(၂) နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အသုံးပြုတဲ့ Sunscreen Spray အများစုဟာ ဖျန်းပြီးအသုံးပြုချိန်မှာ လုံလောက်တဲ့ ဒြပ်ပေါင်းတွေဟာ အသားအရေထဲကို မရောက်ရှိနိုင်တာကြောင့် Sunscreen Spray တွေထက် Cream Type အမျိုးအစား Sunscreen တွေကိုသာ အသုံးပြုသင့်တယ်လို့ အရေပြားဆိုင်ရာ ဆေးပညာရှင်တွေက ဆိုပါတယ်။

(၃) Tanning Oils လို့ခေါ်တဲ့ နေရောင်ကာလိမ်းဆေးအဆီတွေဟာ UV rays တွေကို လုံလောက်စွာ အကာအကွယ် မပေးနိုင်ပါဘူး။ ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တဲ့အပြင် အဆီပြန်တတ်တဲ့ အသားအရေတွေအတွက် ပိုမို မသင့်တော်တာကြောင့် သုံုးစွဲဖို့ အကြံပြု မထားပါဘူး။

(၄) မျက်နှာအသားအရေမှာ ဝက်ခြံတွေဖြစ်ပေါ်တဲ့အခါ အသုံးပြုတတ်ကြတဲ့ Hydrocortisone Cream တွေဟာ  ပြင်းထန်တဲ့ အရေပြားေ ရာဂါတွေမှာသာ အသုံးပြုလေ့ရှိတဲ့ ဆေးဝါးတမျိုး ဖြစ်ပါတယ်။ သာမန်ဝက်ခြံတွေမှာ ဒီ Cream ကို အသုံးပြုခြင်းဟာ မျက်နှာအရေပြားတွေကို ပါးလွှာသွားစေနိုင်ပြီး အဖုအပိမ့်တွေ ထပ်ထွက်လာခြင်းကို  ဖြစ်စေ နိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။

(၅) အုန်းဆီဟာ အသားအရေအတွက် ကျန်းမာရေး ကောင်းကျိုးတွေ ရှိစေနိုင်တာ မှန်ပေမယ့် မျက်နှာ အသားအရေ အတွက်တော့ အသုံးမပြုသင့်ဘူးလို့ အရေပြားဆိုင်ရာ စမ်းသပ်ချက်တွေမှာ ဖော်ပြထားပါတယ်။ မျက်နှာ အသားအရေ အတွက် အုန်းဆီကို အသုံးပြုခြင်းဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံထွက်ခြင်းကို အားပေးရာ ရောက်တာကြောင့် အသုံးမပြုသင့်ပါဘူး။

Ref : brightside.me

Loading