ခန္ဓာကိုယ်ရဲ့အရေပြားပေါ်မှာ သေးငယ်ပြီး ပျော့အိတဲ့ အသားဖုလေးတွေ ထွက်ပေါ်လာခြင်းကို အသားပိုလို့ခေါ်ပြီး ဒီအသားပိုလေးတွေဟာ နာကျင်ရောင်ရမ်းမှု မရှိဘူးဆိုရင်တော့ အန္တရာယ် မဖြစ်စေနိုင်ပါဘူး။
သေးငယ်တဲ့အသားပိုလေးတွေဟာ လည်ပင်း၊ချိုင်းကြား၊ မျက်ခွံနဲ့ မေးစေ့အောက် စတဲ့နေရာတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့အတွက် ဒီအသားပိုလေးတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသူတွေအတွက် မနာမကျင်ဘဲ အလွယ်တကူ ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကျန်းမာရေးအတွက်ရော အလှအပရေးရာတွေအတွက်ပါ အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ဟာ အသားပိုတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးတည့်လှပါတယ်။ ပန်းသီး ရှာလကာရည် အနည်းငယ်ကို ဂွမ်းစလေးနဲ့ သုတ်ပြီး အသားပိုဖြစ်ပေါ်တဲ့နေရာမှာ သုတ်လိမ်းပေးပါ။ ပြီးရင်တော့ ဂွမ်းစလေးရဲ့ အပေါ်ကနေ ပလာစတာ ကပ်ထားပေးပြီး ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် အသားပိုဟာ သူ့အလိုလို ကြွေကျသွားမှာ ဖြစ်ပါတယ်။
(၂) သံပုရာရည် အနည်းငယ်ကို အသားပို နေရာပေါ်မှာ တနေ့ နှစ်ကြိမ်ခန့် ပုံမှန်သုတ်လိမ်းပေးခြင်းအားဖြင့် သံပုရာရည်မှာ ပါဝင်တဲ့ Citric Acid ကြောင့် နှစ်ပတ်အကြာမှာ သူ့အလိုလို ခြောက်ပြီးကွာကျသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
(၃) ရှားစောင်းလက်ပတ် ပင်ကရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်အနည်းငယ်ကို အသားပိုနေရာမှာ တနေ့နှစ်ကြိမ်ခန့် ပုံမှန် ပွတ်လိမ်းပေးရုံနဲ့ သိသာထူးခြားတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
(၄) ကြက်သွန်ဖြူကိုထောင်းပြီး ရလာတဲ့ ကြက်သွန်ဖြူသတ္တုရည်ကို အသားပိုပေါ်သုတ်လိမ်းပေးပြီး ခြောက်သွားတဲ့အခါ ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းအားဖြင့် ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
(၅) ညအိပ်ရာဝင်ကာနီးတိုင်း ငှက်ပျောခွံရဲ့အတွင်းသားကို အသားပိုနေရာပေါ်မှာ ဖုံးအုပ်ပြီး အိပ်စက်ခြင်းအားဖြင့် အသားပို အရွယ်အစားပေါ်မူတည်ပြီး ပျောက်ကင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Ref ; healthline.com