ဖျားနာနေချိန်မှာ မစားသုံးသင့်တဲ့ အစားအစာ ၅ မျိုး
ဖျားနာနေစဉ်မှာ မှန်ကန်တဲ့ အစားအစာ ရွေးချယ်မှုဟာ အရေးကြီးလှပါတယ်။ အာဟာပြည့်ဝတဲ့ အစားအစာတွေကသာ နာလန်ထဖို့ အတွက် အထောက်အကူပြုမှာ ဖြစ်ပြီး မစားသုံးသင့်တဲ့ အစားအစာတွေကို စားမိမယ်ဆိုရင် အခြေအနေ ပိုဆိုးသွားနိုင်တာကြောင့် ဖျားနာနေချိန်မှာ မစားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကော်ဖီ
ဖျားနာနေစဉ် အတောအတွင်းမှာ ကော်ဖီသောက်သုံးခြင်းဟာ ခေါင်းမူးခေါင်းနောက် ဖြစ်စေနိုင်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ အစာစားချင်စိတ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေတာကြောင့် ဖျားနာနေချိန်မှာ မသောက်သုံးသင့်ပါဘူး။
(၂) အာလူးကြော်
အာလူးကြော်လိုမျိုး ဆီကြော် အစားအစာတွေဟာ ဖျားနာနေစဉ် စားသုံးမိရင် ဆီကြော်တွေမှာ ပါဝင်တဲ့ ဆီတွေကြောင့် လည်ချောင်းယားပြီး ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် မစားသုံးသင့်ပါဘူး။
(၃) ဆိုဒါ ပါဝင်တဲ့ အအေးများ
ဆိုဒါပါဝင်တဲ့ ဖျော်ရည်နဲ့အအေးတွေဟာ ကဖင်းဓာတ်လိုပဲ ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပြီး သကြားဓာတ် များစွာ ပါဝင်တဲ့အတွက် နာလန်ထခြင်းကို ကြန့်ကြာစေနိုင်ပါတယ်။
(၄) အချိုဓာတ်ကဲတဲ့ အစားအစာများ
သကြားဓာတ်များစွာ ပါဝင်တဲ့ အစားအစာတွေဟာ ဖျားနာနေစဉ်မှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ယုတ်လျော့စေတဲ့ ဘက်တီးရီးယားတွေကို အထောက်အပံ့ ပေးနိုင်တာကြောင့် အချိုဓာတ်ကဲတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) တကယ်လို့ သင်ဟာ ဖျားနာနေပြီး လည်ချောင်းနာ၊ ချောင်းဆိုးလည်း ဖြစ်နေမယ်ဆိုရင်တော့ လိမ္မော်ရည် မသောက်သုံးဖို့ အကြံပြုချင်ပါတယ်။ ဖျားနာနေစဉ် နုံးချိခြင်းကို လိမ္မော်ရည်က သက်သာစေနိုင်တာမှန်ပေမယ့် လည်ချောင်းနာခြင်းကိုတော့ ပိုမိုဆိုးရွားစေနိုင်ပါတယ်။
Ref ; menshealth.com