Health

ဆံပင်မဖြောင့်ခင် သိထားသင့်တဲ့ အကြောင်းအရာတွေ

Want create site? Find Free WordPress Themes and plugins.

ဆံပင်နဲ့ ပက်သက်ပြီး အမျိုးသမီးတို့ အများဆုံး ပြုလုပ်လေ့ရှိတဲ့ ဆံပင်ဖြောင့်တာဟာ သာမန်အားဖြင့် ပြောရရင်တော့ လွယ်ကူတယ်လို့ ထင်စရာပါပဲ။ ဆံပင်ဖြောင့်နေကျမို့ သိထားဖို့ မလိုအပ်ဘူးလို့ ထင်ပေမယ့် ဖြောင့်ပြီးမှ ဆံပင်တွေ အလွယ်တကူ ပျက်ဆီးသွားစေတာမျိုးတွေ မဖြစ်ရအောင် ဆံပင်မဖြောင့်ခင် သိထားသင့်တဲ့ အကြောင်းအရာတွေကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆံပင်ဖြောင့်တာပဲဖြစ်ဖြစ်၊ စက်ဆွဲတာပဲဖြစ်ဖြစ် ပြုလုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး သိထားရမှာက ဆံပင်တွေ လုံးဝ ခြောက်သွေ့နေစေဖို့ပဲ ဖြစ်ပါတယ်။ ဖြောင့်စက်ရဲ့ အပူချိန်ကို သေချာထိန်းညှိဖို့ လိုသလို ဆံပင်ဖြောင့်နေချိန်မှာ တရှဲရှဲ အသံတွေ ထွက်လာရင်တော့ ဒါဟာ ရပ်ပစ်ဖို့ အရေးကြီးနေပါပြီ။ ရပ်မပစ်ဘူးဆိုရင်တော့ ဖြောင့်ပြီးတာနဲ့ သင့်ဆံပင်တွေ ပျက်စီးဖို့  ၅၀ ရာခိုင်နှုန်းလောက် သေချာနေပါပြီ။

(၂) ဆံပင်ဖြောင့်တဲ့အခါ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေဟာ ပြင်းထန်လွန်းတာကြောင့် ဆံပင်ဖြောင့်ပြီး နောက်ပိုင်းမှာ သာမန်ထက် ပိုပြီးဆံပင်ကျွတ်နိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ မကြာခဏ ဆံပင်ဖြောင့်ခြင်းဟာ ဦးရေပြား အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် ခဏခဏ မပြုလုပ်သင့်ပါဘူး။

(၃) ဆံပင်ဖြောင့်ခြင်းဟာ ဆံသား ရေဓာတ် ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေတာကြောင့် ဦးရေပြား ယားယံတာမျိုးနဲ့  ဗောက်ထတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) နောက်ထပ် သိထားသင့်တာ တခုကတော့ ဆံသားခြောက်သူတွေမှာ ဆံပင်ဖြောင့်ပြီးတဲ့အခါ ဆံပင်ဟာ ခြောက်သွေ့ ကြမ်းတမ်းသွားတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြောင့်တဲ့အခါ မိမိအသုံးပြုမယ့် Hair Product တွေကို သေချာစွာ ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

(၅) ဆံပင်ဖြောင့်တဲ့အခါ ဖြောင့်စက် အပူလွန်ကဲခြင်းကြောင့် ဆံသားကျိုးကြေတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။ ဒီလိုမျိုးတွေအတွက်တော့ ဆံပင်မဖြောင့်ခင်နဲ့ ဖြောင့်အပြီးမှာ သင့်ဆံသားကို တပတ်တခါ ပေါင်းတင်တာမျိုးတွေအပြင် သဘာဝပစ္စည်းတွေ အကူအညီနဲ့ ဂရုစိုက်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

Ref ; india.curejoy.com

Did you find apk for android? You can find new Free Android Games and apps.
Loading