ကြွက်နို့ဟာ HPV လို့ခေါ်တဲ့ Human Papilloma Virus ကြောင့် အရေပြားပေါ်မှာ ထွက်ပေါ်လာတတ်တဲ့ အဖုငယ်တွေ ဖြစ်ပြီး ဒီအဖုငယ်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးလာရင်တော့ နာကျင်လာတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကြွက်နို့တွေဟာ အများအားဖြင့် ၆ လလောက်အတွင်း သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိပေမယ့် ကြွက်နို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရသူတွေအတွက် ကြွက်နို့တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) ကြက်သွန်ဖြူကို တခြမ်းခြမ်းတဲ့အခါ ထွက်လာတဲ့ ကြက်သွန်ဖြူ အစေးနဲ့ ကြွက်နို့ပေါ်မှာ ကပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို ပုံမှန်ပြုလုပ်ပေးရုံနဲ့ ကြွက်နို့တွေ ပျောက်ကင်းသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၂) ရေနွေး ခပ်နွေးနွေးထဲကို အိမ်သုံးဆား အနည်းငယ် ထည့်ထားတဲ့ ဆားရေနဲ့ ကြွက်နို့တွေကို ဆေးကြောသန့်စင် ပေးခြင်းအားဖြင့်လည်း ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။ ဆားဟာ ကြွက်နို့မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။
(၃) သံပုရာသီး ဒါမှမဟုတ် ရှောက်သီးအခွံပေါ်မှာ ရှာလကာရည် အနည်းငယ်ကိုု သုတ်လိမ်းပေးပြီး ကြွက်နို့ပေါ်မှာ ပွတ်တိုက်ပေးခြင်းအားဖြင့်လည်း ကြွက်နို့တွေကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
(၄) သွားတိုက်ဆေးကို ကြွက်နို့ပေါ်မှာ သုတ်လိမ်းပေးထားပြီး ပျက်သွားတဲ့အခါတိုင်း ထပ်မံ သုတ်လိမ်းပေးခြင်းကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးရုံနဲ့လည်း ကြွက်နို့တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅) ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ဆတူ ရောပြီး ကြွက်နို့နေရာပေါ်မှာ လိမ်းပေးခြင်းအားဖြင့်လည်း ပျောက်ကင်း စေနိုင်မှာ ဖြစ်ပါတယ်။ ကြက်ဆူဆီဟာ ကြွက်နို့တွေ ထပ်မံ ပွားမလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Ref; www.ba-bamail.com