နေ့စဉ်အလုပ်ကိစ္စ၊ လူမှုကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အခုခေတ်အချိန်အခါမှာ အစာစားချိန်ကိုတောင် အချိန်လု နေရပါတယ်။ အစာစားပြီးတိုင်း ပြုလုပ်လေ့ရှိတဲ့ တချို့သော အမူအကျင့်တွေဟာ ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အစာစားပြီးချိန် လုံးဝ မပြုလုပ်သင့်တဲ့ အပြုအမူတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အစာစားပြီးချင်း လက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်း သောက်တာဟာ အစာကြေစေတယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တကယ်တော့ ဒါဟာ လွဲမှားနေတဲ့ အယူအဆ တခုပဲ ဖြစ်ပြီး ဆေးပညာရှင်တွေကတော့ အစာမစားခင် တနာရီအလိုနဲ့ စားပြီး တနာရီအတွင်း ရေနွေးကြမ်း မသောက်သင့်ဘူးလို့ ဆိုပါတယ်။ အစာစားပြီးချင်း ရေနွေးသောက်သုံးခြင်းဟာ စားသုံးလိုက်တဲ့ အစားအစာတွေထဲက သံဓာတ် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် မသောက်သုံးသင့်ပါဘူး။
(၂) အစာစားပြီးချိန် သစ်သီးစားသုံးခြင်းဟာ ကယ်လိုရီတွေကို ပိုမိုမြင့်တက် လာစေတာကြောင့် ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။ အစာစားပြီးမှ သစ်သီးစားတဲ့ အလေ့အကျင့်ထက် အစာမစားခင် သစ်သီးစားတဲ့ အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။
(၃) အစာစားပြီးချိန် ရေခဲရေ သောက်ခြင်းဟာ ချွဲသလိပ်တွေကို ဖြစ်ပေါ်စေနိုင်ပြီး စားသုံးလိုက်တဲ့ အစားအစာ တွေဆီက အဆီတွေကို စုလာစေတာကြောင့် ခန္ဓာကိုယ်မှာ အဆီတွေ စုပုံလာစေနိုင်ပါတယ်။
(၄) အစာစားပြီးချင်း ရေချိုးခြင်းဟာ ခန္ဓာကိုယ်တွင်းက သွေးလှည့်ပတ် စီးဆင်းမှုကို ကမောက်ကမ ဖြစ်စေပြီး အစာအိမ်ရဲ့ အစာခြေဖျက်မှု စနစ်ကို နှောင့်နှေးစေတာကြောင့် အစာမကြေတာနဲ့ ရေရှည်မှာ အစာအိမ် အားနည်းတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) အစာစားပြီးချင်း လမ်းလျှောက်ခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေသလို ဗိုက်အောင့်၊ ဗိုက်နာခြင်းကိုပါ ဖြစ်ပေါ် စေနိုင်တာကြောင့် အစာစားပြီး မိနစ် ၃၀ ခန့်အကြာမှ လမ်းလျှောက်ခြင်းကို ပြုလုပ်သင့်ပါတယ်။
Ref ; www.providr.com