Health

ချွေးပေါက်ကျဉ်းဖို့အတွက် အလွယ်ကူဆုံး နည်းလမ်း ၃ ခု

Want create site? Find Free WordPress Themes and plugins.

မျက်နှာက ချွေးပေါက်တွေက အနီးကပ် ကြည့်လိုက်ရင် ဆိုးရွားနေတာကြောင့် စိတ်ညစ်နေရတယ် ဆိုရင် အောက်က နည်းလမ်းတွေကို သုံးကြည့်လိုက်ပါ။ လွယ်ကူရိုးရှင်းပြီး အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ပုံမှန် လုပ်ကြည့်ပေးမယ်ဆိုရင်  ပြောင်းလဲလာတဲ့ သင့်အသားအရေကို တွေ့ရမှာပါ။

(၁) ရေခဲတုံး

ရေခဲတုံးကို မိတ်ကပ် မလိမ်းခင် အသုံးပြုနိုင်ပါတယ်။ သူက ကျယ်နေတဲ့ ချွေးပေါက်တွေကို လှုံ့ဆော်ပေးပြီး ကျဉ်းသွား စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်စေမှာပါ။ အသုံးပြုပုံ ကတော့ ရေခဲတုံးတွေကို သန့်ရှင်းတဲ့ အဝတ်နဲ့ ထုပ်ပါ။ မျက်နှာမှာ ၁၅ စက္ကန့်ကနေ ၃၀ စက္ကန့်အထိ ကပ်ထားပေးပါ။ ဒါ့အပြင် ရေခဲရေနဲ့လည်း တနေ့ကိုတကြိမ် မျက်နှာသစ်နိုင်ပါတယ်။

(၂) သကြား

သကြားနဲ့ Scrub လုပ်ကြည့်မယ်ဆိုရင် ချွေးပေါက်တွေကို ကျဉ်းစေသလို အရေပြားကအဆီတွေနဲ့ အညစ်အကြေးတွေကို ကင်းစင်စေပါတယ်။ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာအစက် အနည်းငယ် လောက်ကိုရောပြီး  မျက်နှာမှာ လိမ်းပါ။ ပြီးနောက် မျက်နှာကို နှိပ်နယ်ပြီး စက္ကန့် ၃၀ ကြာတဲ့အခါ ရေဆေးချပါ။ သံပုရာသီး စိတ်ပေါ်မှာ သကြားအနည်းငယ်ဖြူးပြီး မျက်နှာကို နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ၁၀ မိနစ်ကြာတဲ့အခါ ရေဆေးချပါ။

(၃) ကြက်ဥအကာ

ကြက်ဥအကာတွေက ချွေးပေါက်နဲ့ဆားဝက်ခြံတွေ ဖယ်ရှားဖို့အတွက် ထိရောက်တာလည်း သိကြမှာပါ။ ကြက်ဥအကာကို ခေါက်မွှေပြီး မျက်နှာမှာ လိမ်းကြည့်ပါ။ ခြောက်တဲ့အခါ ရေဆေးချပါ။ ဒါ့အပြင် ကြက်ဥအကာ လိမ်းပြီးတဲ့အခါ မျက်နှာမှာ တစ်ရှူးစက္ကူ အဖြူအုပ်ထားပြီး ခြောက်သွားတဲ့အခါ ခွာချလို့ ရပါတယ်။ နောက်တခုက ကြက်ဥအကာကိုမွှေပြီး သံပုရာသီးတခြမ်း အရည်ညှစ်ချပါ။ အရည်ကိုလိမ်းပြီး ၁၀ မိနစ် (သို့မဟုတ်) ခြောက်သွားတဲ့အခါ ရေအေးနဲ့ဆေးပါ။

ကဲ… ဒီလိုနည်းလမ်းတွေက လွယ်ကူရိုးရှင်းပြီး ထိရောက်တာကြောင့် ပုံမှန်လုုပ်ပေးမယ်ဆိုရင် လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading