Health

တရုတ်နံနံက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်လဲ

Want create site? Find Free WordPress Themes and plugins.

စွပ်ပြုတ်တွေနဲ့ အသားဟင်းတွေ ချက်ပြုတ်တဲ့အခါ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလေ့ရှိကြတဲ့ တရုတ်နံနံပင် စားသုံးခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေနိုင်သလဲ ဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) တရုတ်နံနံမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။

(၂) လေ့လာ စမ်းသပ်ချက်တွေအရ တရုတ်နံနံစားသုံးခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူတွေနဲ့ သင့်တော်ပါတယ်။

(၃) တရုတ်နံနံမှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့့် ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ် ပေးနိုင်ပြီး အမျှင်ဓာတ် ၂၅ ရာခိုင်နှုန်း ပါဝင်တာကြောင့် အစာချေဖျက်ခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။

(၄) တရုတ်နံနံမှာ Antioxidant တွေများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်ပေးနိုင်ပါတယ်။

(၅) တရုတ်နံနံဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ထိခိုက်ရှနာတွေ ဖြစ်တဲ့အခါ တရုတ်နံနံ လက်တဆုပ်ခန့်ကို ချေပြီး ဒဏ်ရာပေါ် အုံပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေပြီး အနာကျက် မြန်စေပါတယ်။

(၆) တရုတ်နံနံပင်ဟာ ခန္ဓာကိုယ်ရဲ့ သွေးတွင်း pH ဓာတ်ကို ညီမျှစေပြီး ကင်ဆာကိုတားဆီးပေးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

(၇) ရာသီဥတုကြောင့် ခေါင်းတခြမ်း ကိုက်တာမျိုးနဲ့ အိပ်ရေးမဝခြင်းကြောင့် ခေါင်းမကြည်မလင် ဖြစ်တဲ့အခါ တရုတ်နံနံကို ဖျော်ရည်အဖြစ် သောက်သုံးပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

Ref ; www.providr.com

Did you find apk for android? You can find new Free Android Games and apps.
Loading