Health

မေးနှစ်ထပ်ဖြစ်ခြင်း ပျောက်ကင်းစေမယ့် နည်းလမ်းများ

မေးနှစ်ထပ်ဖြစ်ခြင်းဟာ ခန္ဓာကိုယ် ဝသူတွေရော မဝသူတွေမှာပါ ဖြစ်လေ့ရှိပြီး ဒါဟာ မျိုးရိုးဗီဇ၊ ဟော်မုန်း   အပြောင်းအလဲနဲ့ အသက်အရွယ် စတာတွေနဲ့လည်း ဆိုင်ပါတယ်။ မေးနှစ်ထပ် ဖြစ်တဲ့အခါ လည်ပင်းမှာရှိတဲ့ အဆီလွှာတွေက လျော့ကျ အိတွဲနေတတ်တာကြောင့် မေးနှစ်ထပ်ဖြစ်လို့ စိတ်ညစ်နေရသူတွေအတွက် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပီကေဝါးခြင်းဟာ မေးရိုးတွေကို လှုပ်လှုပ်ရှားရှား ဖြစ်စေတာကြောင့် မေးနှစ်ထပ်ဖြစ်ခြင်းကို သက်သာ  ပျောက်ကင်း စေနိုင်ပါတယ်။ ပီကေ ဝါးသလိုမျိုး ပါးစပ်ကို မကြာခဏ ဖွင့်လိုက်ပိတ်လိုက် လေ့ကျင့်ခန်း  ပြုလုပ်ခြင်းကလည်း မေးနှစ်ထပ်ဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

(၂) ထိုင်ခုံ တလုံးပေါ်မှာ ထိုင်ပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ် မတ်တပ်ရပ်နေတာမျိုးပဲဖြစ်ဖြစ် နေပြီးတော့ ခေါင်းကို အပေါ် မော့ကြည့်ပေးပါ။ ပြီးရင်တော့ ပါးစပ်ကို တတ်နိုင်သလောက်ဟပြီး ဖွင့်လိုက်ပိတ်လိုက်နဲ့ ၁၀ ကြိမ်လောက်  ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ မေးနှစ်ထပ်ဖြစ်ခြင်းကို ပျောက်ကင်းစေမှာပဲ  ဖြစ်ပါတယ်။

(၃) အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ တမျိုးမျိုးကို အသုံးပြုကာ မေးနှစ်ထပ်ဖြစ်ပေါ်တဲ့ နေရာကို လိမ်းပေးပြီး အသာအယာ နှိပ်နယ်ပေးခြင်းအားဖြင့်လည်း မေးနှစ်ထပ်ဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီနည်းလမ်းကိုတော့ တပတ်တကြိမ်  ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

(၄) ရွှံစေးနဲ့ပြုလုပ်ထားတဲ့ Clay Mask တွေဟာလည်း မေးနှစ်ထပ်ဖြစ်ခြင်းကို လျော့ပါးသက်သာ စေနိုင်ပါတယ်။  မေးနှစ်ထပ်နေရာပေါ်မှာ Clay Mask ကိုအသုံးပြုပြီး တပတ်တခါ ပေါင်းတင်ပေးနိုင်ပါတယ်။

(၅) ကြက်ဥအကာ၊ ပျားရည်နဲ့ သံပုရာရည်တို့ကို ရောပြီး မေးနှစ်ထပ်နေရာပေါ်မှာ သုတ်လိမ်းပေးပြီး  ခြောက်သွေ့  အောင်ထားပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ရေနဲ့ပြန်လည်ဆေးကြောပေးပြီး ဒီနည်းလမ်းကို ပုံမှန်  ပြုလုပ်ပေးမယ် ဆိုရင်တော့ မေးနှစ်ထပ်ဖြစ်ခြင်းကို ထိရောက်စွာသက်သာစေမှာ ဖြစ်ပါတယ်။

Ref : steptohealth.com

Loading