Health

ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေကို သန်မာစေမယ့် နည်းလမ်းကောင်းများ

Want create site? Find Free WordPress Themes and plugins.

သင့်အနေနဲ့ လက်သည်းအရှည် ထားပြီး မကြာခဏ ကျိုးပဲ့လွယ်တာကြောင့် စိတ်ညစ်နေမယ် ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေက အကူအညီပေးနိုင်မှာပါ။

(၁) ညအိပ်ရာ ဝင်ကာနီးတိုင်း သံလွင်ဆီ လက်ဖက်ရည်ဇွန်း တဇွန်းကို အပူပေးပြီး လက်သည်းတွေပေါ်မှာ လိမ်းပေးခြင်း အားဖြင့် မကြာခဏ ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေကို ပြန်လည် သန်မာစေမှာ ဖြစ်ပါတယ်။

(၂) လက်သည်းဖျက်ဆေး အများစုမှာ ပါဝင်တဲ့ Acetone ဟာ လက်သည်းပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်ပြီး လက်သည်းကို ခြောက်သွေ့စေတာကြောင့် လက်သည်းတွေ မကြာခဏ ကျိုးပဲ့လွယ်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်း ဖျက်ဆေးအသုံးပြုပြီး လက်သည်း မဖျက်ခင်နဲ့ လက်သည်းဖျက် အပြီးမှာ သံလွင်ဆီအနည်းငယ် သုတ်လိမ်း ထားပေး သင့်ပါတယ်။

(၃) သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဖလိုရိုဒ်ဟာ လက်သည်းတွေကို ကြံ့ခိုင် သန်မာစေနိုင်ပါတယ်။ သွားပွတ်တံ အဟောင်းကို အသုံးပြုပြီး သွားတိုက်ဆေးနဲ့ လက်သည်းတွေကို ပွတ်တိုက်ပေးခြင်းကလည်း လက်သည်းတွေ ကျိုးပဲ့လွယ်ခြင်းကနေ ကာကွယ်ပေးနိုင်သလို လက်သည်းအရောင် ဝါကျင့်ကျင့်ဖြစ်ခြင်းကနေလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) Vitamin E Capsule လေးတွေကို အသုံးပြုပြီး လက်သည်းပေါ်ကို Vitamin E အဆီလေးတွေ သုတ်လိမ်းပေး ခြင်းကလည်း လက်သည်းတွေကို သန်မာစေနိုင်ပါတယ်။

(၅) သံလွင်ဆီနဲ့ သံပုရာရည်အနည်းငယ်ကို ရောစပ်ပြီး လက်သည်းတွေပေါ်မှာ သုတ်လိမ်းပေးခြင်းအားဖြင့်လည်း လက်သည်းတွေကို သန်မာစေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ တပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Ref: steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading