မီးဖိုချောင်က အုတ်ဂျုံမှုန့်ဟာ နံနက်စာအဖြစ် အာဟာရဓာတ်တွေ အများကြီး ပေးစွမ်းနိုင်သလို အခြားသော အသုံးဝင်ပုံတွေ အများကြီး ရှိပါတယ်။ ဝိတ်ချချင်သူတွေအတွက် အုတ်ဂျုံမှုန့်က မရှိမဖြစ် အရေးပါသလို သင့်မျက်နှာက အရေပြား ပြဿနာတွေ အတွက်လည်း အကျိုးရှိရှိ အသုံးချနိုင်ပါတယ်။
ဒီတခါမှာတော့ မျက်နှာမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာ အမျိုးမျိုးအတွက် အုတ်ဂျုံမှုန့်နဲ့ ဘယ်လိုပေါင်းတင်ရမလဲ ဆိုတာ ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ဝက်ခြံအတွက် ကုသမယ်
အုတ်ဂျုံဟာ အရေပြားက အဆီတွေကို စုပ်ယူဖယ်ရှား ပေးတဲ့အပြင် ဆဲလ်သေတွေ ပျောက်ကင်းစေပါတယ်။ ရေဓာတ် ပြည့်ဝစေသလို ချွေးပေါက် ပိတ်နေတာမျိုးကို ပျောက်ကင်းစေပါတယ်။ ဝက်ခြံတွေ ပျောက်ဖို့ အတွက်ဆိုရင် ပန်းကန်လုံး ထဲမှာ ပျားရည်နဲ့ အုတ်ဂျုံ ၂ ဇွန်းဆီ ရောပါ။ ပြီးရင် သံပုရားရည် ဇွန်းဝက်ကို ရောပါ။ မျက်နှာမှာ လိမ်းပြီး ခြောက်တဲ့အထိ ထားပါ။ ပြီးမှ ရေနွေးနဲ့ မျက်နှာသစ်ပါ။
(၂) နေလောင် အသားအရေ အတွက်
နေလောင်ပြီး ညိုမဲနေတဲ့ အရေပြားအတွက် ဂျုံမှုန့် ခွက် ၂ ခွက်စာကို နွားနို့နဲ့ရောပြီး အနှစ်ရသည်အထိ လုပ်ပါ။ သံပုရာရည်နဲ့ ပျားရည် အနည်းငယ် ထပ်ရောထည့်ပါ။ ပြီးနောက် နေလောင်ထားတဲ့ နေရာတွေကို ပွတ်တိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးချပါ။
(၃) တောက်ပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့
အုတ်ဂျုံက ဆဲလ်သေနဲ့ အရေပြားက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတာ သိကြမှာပါ။ သံပရိုသီးနဲ့ အုတ်ဂျုံ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီရောပါ။ ပြီးနောက် အဆီမပါ ဒိန်ချဉ် ၂ ဇွန်း ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းတဝိုက် လိမ်းပါ။ ခြောက်သွေ့တဲ့အထိ ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ပြီးရင် Mositurizer လိမ်းပါ။
(၄) ခြောက်သွေ့ပြီး ယားယံတဲ့ အရေပြားအတွက်
ခြောက်သွေ့ပြီး Sensitive ဖြစ်တဲ့ အရေပြားအတွက်တော့ အုတ်ဂျုံမှုန့်စေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနဲ့ ရောပါ။ စေးပျစ် လာတဲ့အထိ မွှေပြီး အရေပြားပေါ် မိနစ် ၂၀ ခန့် ထားပေးပါ။ ရေအေးနဲ့ ဆေးချပြီးရင်တော့ Mositurizer လိမ်းပေး နိုင်ပါတယ်။
(၅) ဆားဝက်ခြံ
နှာခေါင်းတဝိုက်က အမြင်ကပ်စရာ ကောင်းလောက်အောင် ပွစိထနေတဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ဆိုရင် ပန်းကန်လုံး ထဲမှာ အုတ်ဂျုံမှုန့် ၃ ဇွန်းနဲ့ အစိမ်းရောင် ရွံ့စေးအမှုန့် ၁ ဇွန်း၊ အဆီမပါ ပျားရည်နဲ့ ဒိန်ချဉ် ၂ ဇွန်းဆီကို ရောမွှေပါ။ မျက်နှာမှာ ၁၅ မိနစ်လောက် ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ပြီးရင်တော့ Moisturizer လိမ်းဖို့ မမေ့ပါနဲ့။ ဒီလို ပေါင်းတင်တာ တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ လုပ်လို့ရပါတယ်။