မျက်လုံးကို အသုံးပြုရတာ များသူတွေနဲ့ ကွန်ပျူတာ အကြည့်များသူတွေ အများစုဟာ မျက်စိအားနည်းမှုကြောင့် မျက်မှန် တပ်ရလေ့ရှိပါတယ်။
လေ့လာချက်တွေအရ အမြင်အာရုံချို့ယွင်းမှုဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမို အဖြစ် များလေ့ရှိပြီး ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေ အသုံးပြုမှုများလာခြင်းကြောင့်လည်း မျက်မှန်တပ်ရတဲ့ လူဦးရေဟာ ပိုမိုများပြား လာပါတယ်။
ဒါကြောင့်မို့လို့ မျက်မှန်တပ်သူတွေရော မတပ်သူတွေပါ ပုံမှန်ပြုလုပ်သင့်တဲ့ မျက်လုံး လေ့ကျင့်ခန်းတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) မျက်စိကို ခပ်တင်းတင်း မှိတ်ထားပြီး ၅ စက္ကန့်လောက် အကြာမှာ ပြန်ဖွင့်ပြီး နောက်ထပ် ထပ်ပြီးတော့ ခပ်တင်းတင်း မှိတ်၊ ၅ စက္ကန့်အကြာမှာ ပြန်ဖွင့်၊ ဒီလိုနည်းလမ်းအတိုင်း ၇ ကြိမ်လောက် ပြုလုပ်ပေးခြင်းအားဖြင့် ညောင်းညာနေတဲ့ သင့်မျက်စိအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
(၂) မျက်လုံးတွေကို မှိတ်ထားပြီး သင့်ရဲ့လက်ချောင်းတွေကို အသုံးပြုကာ မျက်ခွံတွေပေါ်ကို အသာအယာ နှိပ်နယ် ပေးနိုင်ပါတယ်။
(၃) ကွန်ပျုတာသုံးပြီး အလုပ်လုပ်နေစဉ် မျက်ရိုးတွေ ကိုက်ခဲ နာကျင်လာတဲ့အခါ ခပ်ဝေးဝေး တနေရာကို ကြည့်ပြီးတော့ပဲ ဖြစ်ဖြစ် စိမ်းစိမ်းစိုစို အပင်တွေကို ကြည့်တာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်ပေးခြင်းက မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) အာရုံစိုက်ပြီး အလုပ်လုပ်ရတာများလို့ မျက်လုံးတွေပူပြီး စပ်ဖျင်းဖျင်း ဖြစ်လာတဲ့အခါမျိုးမှာ လက်ဖဝါးနှစ်ဖက်ကို ပူအောင်ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ပေးခြင်းက သက်သာစေမှာ ဖြစ်ပါတယ်။
(၅) သက်သောင့်သက်သာ အနေအထားနဲ့ ထိုင်ပြီး မျက်လုံးအတွင်းသားထဲက မျက်ဆံကို ဟိုရွှေ့ဒီရွှေ့နဲ့ ၅ စက္ကန့်ခန့် ပြုလုပ်ပေးခြင်းကလည်း ညောင်းညာနေတဲ့ မျက်လုံးကို သက်သာစေမှာ ဖြစ်ပါတယ်။
(၆) အာရုံစူးစိုက်ပြီး အလုပ်လုပ်နေချိန်မှာ နာရီဝက် တခါလောက် ဝေးနိုင်သမျှ ခပ်ဝေးဝေးကို ကြည့်ပေးခြင်းက သင့်ရဲ့ အမြင်အာရုံကို ထိန်းထားပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : steptohealth.com