ဆံသားတွေ ကျန်းမာ သန်စွမ်းစေဖို့ သေသေချာချာ ဂရုစိုက်နေပေမယ့်လည်း ပျက်စီးမြဲပျက်စီးနေတယ် ဆိုရင်တော့ သင်နေ့စဉ် ပြုလုပ်နေတဲ့ အလေ့အထတွေ မှားယွင်းနေပါပြီ။
ယခု ဖော်ပြပေးမယ့် အချက်တွေတွေကတော့ သင့်ဆံပင်တွေကို ပျက်စီးစေနိုင်တဲ့ အလေ့အထ အမှားတွေပဲ ဖြစ်ပါတယ်။
(၁) သင်ဟာ နေ့တိုင်း ဒါမှမဟုတ် တရက်ခြား တခါလောက် ခေါင်းလျှော်တတ်သူ တယောက် ဆိုရင်တော့ ဒါဟာ ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ မကြာခဏ ခေါင်းလျှော်ခြင်းကြောင့် ဦးရေပြား အဆီဓာတ် ခမ်းခြောက်ကာ ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။
(၂) သင်ဟာ ဆံပင်အရောင်ဆိုးထားသူ တဦးဆိုရင်တော့ သာမန် ခေါင်းလျှော်ရည်မျိုးကို အသုံးမပြုသင့်ပါဘူး။ Colour-Safe Shampoo အမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုသင့်ပြီး သာမန်ခေါင်းလျှော်ရည်တွေဟာ သင့်ဆံသားအရောင်တွေကို အလွယ်တကူ ကျွတ်စေပြီး ခြောက်သွေ့ ပျက်စီးစေနိုင်ပါတယ်။
(၃) ခေါင်းလျှော်ပြီး စိုစွတ်နေတဲ့ ဆံပင်ကို ဘီးဖြီးခြင်းဟာ ဆံသားတွေကို ကျိုးကြေပျက်စီးစေနိုင်တာကြောင့် ဆံသားတွေ ခြောက်သွေ့သွားမှသာ ဘီးဖြီးသင့်ပါတယ်။
(၄) Dry-Shampoo တွေ အလွန်အကျွံအသုံးပြုခြင်းဟာ ဆံသားဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်တဲ့အပြင် ပြင်ပက ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဟာ ဆံသားမွေးညှင်းပေါက်လေးတွေကို ပိတ်ဆို့စေနိုင်တာကြောင့် မကြာခဏ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) ဆံပင်တွေ မခြောက်တခြောက် ဖြစ်နေချိန်မှာ ဆံပင်ကို စည်းနှောင်ထားခြင်းဟာ ဆံသားတွေကို ပုံပျက် သွားစေနိုင်သလို အလွယ်တကူ ပျက်စီးစေနိုင်တာကြောင့် မဖြစ်မနေ စည်းနှောင်ရမယ့် အခါမျိုးတွေဆိုရင်တော့ ဆံသားကို အားဖြည့်ပေးနိုင်မယ့် Hair-Cream တခုခုလိမ်းပြီးမှ စည်းနှောင်သင့်ပါတယ်။
(၆) ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားတွေကို ခပ်ကြမ်းကြမ်း ရေသုတ်ခြင်းဟာလည်း ဆံပင်တွေကို ပျက်စီးကျိုးကြေစေနိုင်ပြီး Dryer အသုံးပြုပြီး ခြောက်သွေ့စေခြင်းကလည်း ရေရှည်မှာ ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။
Ref : www.rd.com