အခုနောက်ပိုင်း အလှအပအတွက် ပုံစံအမျိုးမျိုးနဲ့ ပြုပြင်လာကြတဲ့အထဲမှာ Botox ထိုးပြီး လှပအောင်ပြုပြင်တဲ့ နည်းလမ်းကလည်း ခေတ်စားလာတာကြောင့် Botox ထိုးတော့မယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။။
(၁) Botox ဆိုတာဟာ ဆေးပညာအခေါ်အရ Botulinum Toxin ဆိုတဲ့အဆိပ်တမျိုးပဲ ဖြစ်ပြီး မျက်နှာပြုပြင်ဖို့နဲ့ အရေးအကြောင်းတွေ ကင်းစင်ဖို့အတွက် မျက်နှာအသားအရေမှာ ထိုးကြတာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် မျက်နှာပေါ်က ကြွက်သားတွေ လှုပ်ရှားမှုအားနည်းအာင် ထိုးတာဖြစ်တဲ့အတွက် အသားအရေတင်းရင်းပြီး အရေး ကြောင်းတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။
(၂) Botox ထိုးပြီး လှပအောင်ပြုပြင်တဲ့ နည်းလမ်းဟာ ၁၉၈၉ ခုနှစ်လောက်ထဲက FDA ကနေ တရားဝင် အသိအမှတ် ပြုထားတဲ့ နည်းလမ်းဖြစ်ပြီး ၂၀၀၂ ခုနှစ်လောက်ကနေစပြီး လူသန်းပေါင်းများစွာဟာ ဒီနည်းလမ်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ပြုလုပ်မယ်ဆိုရင် အန္တရာယ်မရှိဘူးလို့ ပြောလို့ရပါတယ်။
(၃) Botox ထိုးတဲ့အခါ ဆေးအာနိသင်ဟာ သုံးလကနေ လေးလလောက်အထိသာခံတာကြောင့် Botox ထိုးတဲ့သူတွေဟာ လအနည်းငယ်ကြာတာနဲ့ ပြန်ထိုးဖို့ လိုအပ်ပါတယ်။ တခါထိုးပြီးရင် ဆက်တိုက်ထိုးဖို့လိုအပ်လာတာကြောင့် ကုန်ကျမယ့် ငွေကြေးနဲ့ အချိန်ကာလကိုတော့ မထိုးခင် ကြိုတင်စဉ်းစားဖို့ လိုပါတယ်။
(၄) Botox ထိုးတာဟာ Botulinum Toxin ဆိုတဲ့ အဆိပ်ကို အသားအရေထဲကို ထိုးတာဖြစ်တဲ့အတွက်ကြောင့် အရေပြားနီရဲခြင်း၊ အသက်ရှုမဝခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောအားနည်းခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
(၅) Botox ထိုးခြင်းကို အလှအပအတွက်တင်မကဘဲ တခြားသောရောဂါတွေမှာပါ အသုံးပြုလာကြပြီး ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ဦးနှောက်နဲ့အာရုံကြော ရောဂါခံစားနေရသူတွေအနေနဲ့တော့ Botox ထိုးခြင်းကို မပြုလုပ်သင့်ပါဘူး။
Ref : www.rd.com