Health

အရက်သောက်သူတွေ ပုံမှန် မှီဝဲပေးသင့်တဲ့ ဖြည့်စွက်စာများ

Want create site? Find Free WordPress Themes and plugins.

ပွဲလမ်း သဘင်တွေကလွဲလို့ အရက်ကို ပုံမှန်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာပဲ ဖြစ်ပါတယ်။ သင်ဟာ အရက်က ိုပုံမှန်ထက် နှစ်ခြိုက်စွာ သောက်သုံးနေသူ တယောက်ဖြစ်ပြီး မသောက်ရင် မဖြစ်တဲ့ အနေအထား တခုကို ရောက်နေပြီဆိုရင် သင့်တော်တဲ့ ဖြည့်စွက်စာတွေရဲ့ အကူအညီကိုလည်း ရယူဖို့ လိုအပ်နေပါပြီ။

ဒါကြောင့် အရက်ကို ပုံမှန်သောက်သုံးသူတွေ မှီဝဲပေးသင့်တဲ့ ဖြည့်စွက်စာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရက်မှာ ပါဝင်တဲ့ အယ်လ်ကိုဟော ဓာတ်ဟာ ခန္ဓာကိုယ်က ဗီတာမင်ဘီဓာတ်ကို လောင်ကျွမ်း စေတာကြောင့် Vitamin B-100 Complex ပါဝင်တဲ့ ဖြည့်စွက်ဆေး တမျိုးမျိုးကို နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဗီတာမင်ဘီ အားဆေး အများစုမှာ ပါဝင်တဲ့ Thiamin ဓာတ်ဟာ အရက်သောက်သုံးမှုကြောင့် ဖြစ်ပေါ်တဲ့ စိတ်ကျရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၂) အရက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက Amino Acid ကို စုပ်ယူ လျှော့ချနိုင်ပါတယ်။ Amino Acid ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အပံ့ပေးတဲ့ အဓိကဓာတ်တမျိုးဖြစ်ပြီး Amino Acid ဓာတ် ခန္ဓာကိုယ် ထဲမှာ လျော့နည်းလာတဲ့အခါ ညအိပ်မပျော်ခြင်း၊ အရက်ကို အငမ်းမရ သောက်သုံးချင်စိတ် ပိုမိုပြင်းပြလာခြင်းနဲ့ စိတ်တို၊ ဒေါသထွက်လွယ်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် Amino Acid ပါဝင်တဲ့ Carnitine, L-Glutamine စတဲ့ ဖြည့်စွက်ဆေးဝါးတွေကို သောက်သုံးပေးသင့်ပါတယ်။

(၃) သင်ဟာ အရက်ကို နေ့စဉ်ပုံမှန် သောက်သုံးနေသူတဦး ဆိုရင်တော့ သင့်အသည်းဟာ ပျက်စီးနေပြီဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ စကော့တလန်နိုင်ငံက Thistle လို့ခေါ်တဲ့ ဆူးပန်းပင် တမျိုးကရတဲ့ အစေ့နဲ့ ပြုလုပ်ထားတဲ့ Milk Thistle ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတမျိုးဟာ အရက်သောက်သုံးမှုကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ် ပေးနိုင်တာကြောင့် နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။

(၄) အရက်သောက်သုံးခြင်းဟာ ဗီတာမင်အေဓာတ်ကို လျော့နည်းစေတာကြောင့် အမြင်အာရုံကို တဖြည်းဖြည်း ချို့ယွင်း လာစေနိုင်ပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့ ဖြည့်စွက်အစားအစာတွေနဲ့ ဆေးဝါးတွေဟာ အမြင်အာရုံ ချို့တဲ့ခြင်းကို အထောက်အကူ ပြုနိုင်တာကြောင့် ပုံမှန်မှီဝဲပေးသင့်ပါတယ်။

(၅) L-Glutamine လိုပဲ သင့်ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းရည်ကို အထောက်အကူပြုတဲ့ နောက်ထပ် ဖြည့်စွက်ဆေးဝါး တမျိုး ကတော့ Lecithin ပဲ ဖြစ်ပါတယ်။ Lecithin မှာ ဦးနှောက်နဲ့ အာရံုံကြောကို ထောက်ပံ့ပေးတဲ့ Choline ဓာတ်လည်း ပါဝင်ပါတယ်။

(၆) အရက်သောက်သုံးခြင်းဟာ သွေးတွင်းသကြားဓာတ်ကို မညီမမျှ ဖြစ်စေတာကြောင့် သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်။ Chromium ပါဝင်တဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ ခန္ဓာကိုယ်တွင်းရှိ သကြားပါဝင်မှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် အယ်လ်ကိုဟောသောက်သုံးသူတွေ ပုံမှန်သောက်သုံးသင့်တဲ့ ဆေးဝါးတမျိုးပဲ ဖြစ်ပါတယ်။

ထပ်မံ ဖော်ပြပေးသွားမှာတွေကတော့ သုတေသီတွေ အကြံပေးပြောဆိုထားတဲ့ အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပွားတ ဲ့ရောဂါတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝဆေးဖက်ဝင ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

(၁) Kudzu

အရက်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေကုသရာမှာ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာရှင်တွေ အသုံးပြုတဲ့ Kudzu ဆိုတဲ့ သဘာဝ ဆေးဖက်ဝင်အပင်ဟာ အရက်သောက်သုံးမှုကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ ဟော်မုန်း အပြောင်းအလဲတွေကို ကုသနိုင်စွမ်း ရှိပါတယ်။

(၂) Dandelion

Dandelion ဆိုတဲ့ သဘာဝဆေးဖက်ဝင် ပန်းပင်ဟာ အရက်ဖြတ်တဲ့အခါ ခံစားရလေ့ရှိတဲ့ ဝေဒနာတွေကို ကုသရာမှာ အစွမ်းထက်လှတဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းတမျိုးပဲဖြစ်ပါတယ်။

ဗီတာမင်စီ၊ ဗီတာမင်အီး၊ Selenium၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဇင့်ဓာတ်တို့ဟာ အရက်သောက်သုံးမှုများသူတွေ ပုံမှန် မှီဝဲပေးသင့်တဲ့ ဖြည့်စွက်ဓာတ်တွေပဲ ဖြစ်ပါတယ်။ အရက် သောက်သုံးမှုဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေ၊ ပြောင်းစေ့နဲ့ အစေ့အဆံ အမျိုးမျိုးတို့ကို စားသုံးပေးသင့်ပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ ဖြည့်စွက်ဆေးဝါးတွေ၊ သဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ အစားအစာတွေဟာ အရက် သောက်သုံးမှုကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်တာ မဟုတ်ပါဘူး။ မဖြစ်အောင်ပဲ ကာကွယ် ပေးနိုင်တာဖြစ်ပြီး အရက်စွဲခြင်းနဲ့ အရက်ဖြတ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကိုပဲ သက်သာစေနိုင်တာပဲ ဖြစ်ပါတယ်။

Ref ; linkedin/ alcoholism

Did you find apk for android? You can find new Free Android Games and apps.
Loading