ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံရဲ့ လူဦးရေ ၆၁၀၀၀၀ ဟာ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။
နှလုံးရောဂါ ဖြစ်ပေါ်နိုင်ခြေ များတဲ့ ရောဂါ လက္ခဏာတွေ များစွာထဲကမှ ထင်ရှားတဲ့ ရောဂါလက္ခဏာ (၇) ခုကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ရင်ဘတ်အောင့်တာမျိုးနဲ့ ရင်ဘတ်ထဲမှာ နေလို့ မကောင်းတာ၊ ရင်ဘတ်ထဲမှာ ပြည့်တင်းနေသလို ခံစားရခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေမယ်ဆိုရင် ဒါဟာ နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့ လက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။
(၂) လေ့ကျင့်ခန်း လုပ်တာမျိုးကြောင့် မောပန်းတာမျိုး မဟုတ်ဘဲ ပုံမှန်ထက်ပိုပြီး မောပန်း နွမ်းနယ်တာမျိုးဟာ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများတဲ့ လက္ခဏာတွေထဲက တခု ဖြစ်ပါတယ်။
(၃) နှလုံးကောင်းမွန်စွာ အလုပ် မလုပ်တဲ့အခါ သွေးကြောထဲက အရည်တွေဟာ ပြင်ပ တစ်ရှူးတွေဆီကို စီးဆင်း သွားတာကြောင့် ခြေဆစ် လက်ဆစ်တွေ ယောင်ရမ်းတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုး မကြာခဏ ဖြစ်ပေါ်နေပြီ ဆိုရင် မပေါ့ဆသင့်ပါဘူး။
(၄) လှုပ်လှုပ်ရှားရှား လုပ်တာမျိုး မဟုတ်ဘဲ ရာသီဥတု အေးနေတဲ့ အချိန်တွေမှာတောင် ချွေးထွက်ခြင်းနဲ့ ချွေးစေးပြန်ခြင်း တို့ဟာ နှလုံးရောဂါ အဖြစ်များတဲ့ လက္ခဏာတွေထဲက တခု ဖြစ်ပါတယ်။
(၅) ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှု လျော့ကျခြင်းကြောင့်နဲ့ သွေးနီဥဆဲလ် အရေအတွက် လျော့ကျလာတဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်တာမျိုးနဲ့ ပြာနှမ်းတာမျိုးဟာ နှလုံးရောဂါ ဖြစ်ပေါ်တော့မယ့် ရှေ့ပြေး လက္ခဏာတရပ်ပဲ ဖြစ်ပါတယ်။
(၆) နှလုံးခုန်မြန်တာနဲ့ မိမိနှလုံးခုန်သံကို ပြန်ကြားနေရခြင်းတို့ဟာလည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၇) လေ့လာချက်တွေ အရတော့ စိုးရိမ်ပူပန်မှု များသူတွေဟာ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များတယ်လို့ ဆိုပါတယ်။ စိုးရိမ်ပူပန်မှု များခြင်းဟာ နှလုံးခုန်နှုန်းကို နှေးကွေးသွားစေပြီး သွေးဖိအားကို မြင့်တက် စေပါတယ်။
Ref : www.ba-bamail.com