Health

စိုးရိမ် ပူပန်မှုများသူတွေ ဘယ်လို အစားအစာတွေကို ရှောင်ကြဉ်သင့်လဲ

Want create site? Find Free WordPress Themes and plugins.

စိုးရိမ်ပူပန်မှု များခြင်းဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာဖြစ်ခြင်းရဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက သုံးသပ်ပြောဆိုလေ့ရှိကြပါတယ်။ နေ့စဉ် စားသုံးနေတဲ့ အစားအစာ အမျိုးအစားများစွာထဲမှာ တချို့သော အစားအစာ တွေဟာ စိုးရိမ်ပူပန်မှု ဖြစ်ခြင်းကို အထောက်အပံ့ ပေးနိုင်တာကြောင့် စိုးရိမ်ပူပန်မှု များသူတွေ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော်ဖီအပါအဝင် ကဖင်းဓာတ် ပါဝင်တဲ့ အားဖြည့် အချိုရည်တွေနဲ့ လက်ဖက်ရည် အစရှိတဲ့ အရည်တွေဟာ အာရုံကြော စနစ်ကို တက်ကြွလန်းဆန်းစေတာ မှန်ပေမယ့် နှလုံးခုန်နှုန်းကို မြန်စေတာကြောင့် စိုးရိမ်ပူပန်မှု များသူတွေ အနေနဲ့ တပတ်မှာ ကဖင်းဓာတ် ပါဝင်တဲ့ အရည်တွေကို ၃ ခွက်ထက် ပိုမသောက်သုံးသင့်ဘူးလို့ ကနေဒါနိုင်ငံ စိတ်ပညာရှင်များ အဖွဲ့အစည်းက ပြောဆိုထားပါတယ်။

(၂) အရက်သောက်သုံးခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းတို့ဟာ ဆက်စပ်နေတယ်လို့ မူးယစ်ဆေးဝါးဆိုင်ရာ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ သုတေသနပြုချက်တွေအရ အရက်သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်း ခန့်ဟာ အရက်ကြောင့်ဖြစ်တဲ့ စိုးရိမ်ပူပန်မှု များခြင်းနဲ့ စိတ်ကျရောဂါတွေကို ခံစားရလေ့ ရှိတယ်လို့ ဆိုပါတယ်။

(၃) သကြားစားသုံးမှု လွန်ကဲခြင်းဟာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေတဲ့ Serotonin ဟော်မုန်းပမာဏကို မြင့်တက်စေ နိုင်ပါတယ်။ သွေးတွင်းမှာ သကြားဓာတ် လွန်ကဲခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်တိုဒေါသထွက်လွယ်ခြင်းနဲ့ စိုးရိမ်ပူပန်မှု များခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာပြုလုပ်တဲ့ လေ့လာချက်တွေအရ သကြားစားသုံးမှု များခြင်း အာရုံကြောစနစ်ကို ပျက်စီးစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေများနိုင်တယ်လို့ ဆိုပါတယ်။

(၄) စပိန်နိုင်ငံက သုတေသီတွေရဲ့ ၆ နှစ်တာ သုတေသနလေ့လာချက်တွေအရ ပြုပြင်စီမံထားတဲ့ အစားအစာတွေနဲ့ ဆီကြော် အစားအစာတွေဟာ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ကျရောဂါဖြစ်ပွားခြင်းတို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

(၅) စိတ်ကျရောဂါ အပါအဝင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာ တော်တော်များများဟာ ခန္ဓာကိုယ်တွင်း ကစီဓာတ် များနေခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိသူတွေကို စိတ်ပညာရှင်တွေက ကစီဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ခိုင်းလေ့ ရှိကြတာပဲ ဖြစ်ပါတယ်။

Ref ; www.providr.com

Did you find apk for android? You can find new Free Android Games and apps.
Loading