Health

ဆံပင်နဲ့ အသားအရေ အလှအပအတွက်ပါ အသုံးဝင်တဲ့ အုန်းနို့ရည်

Want create site? Find Free WordPress Themes and plugins.

အချိုပွဲတွေ အများစုမှာ ပါဝင်တဲ့ အုန်းနို့ရည်ဟာ အာဟာရဓာတ် များစွာ ကြွယ်ဝတဲ့ အစားအစာတမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အုန်းနို့ရည်ဟာ အစားအစာတွေမှာ သာမက အသားအရေနဲ့ ဆံသားကျန်းမာရေး အတွက်ပါ အသုံးဝင်တာကြောင့် အုန်းနို့ရည်ရဲ့ အသုံးဝင်ပုံတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဗဟုသုတ အနေနဲ့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

(၁) အုန်းနို့ရည်ဟာ ခြောက်သွေ့ ကြမ်းတမ်းပြီး ပျက်စီးနေတဲ့ ဆံသားတွေအတွက် အလွန် အသုံးဝင်ပါတယ်။ ခေါင်းမလျှော်ခင် ဆံသားတွေပေါ်ကို အုန်းနို့ရည် လောင်းချပေးပြီး မိနစ် ၂၀ ခန့် ထားပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ပျက်စီး ခြောက်သွေ့နေတဲ့ ဆံသားတွေကို တောက်ပစေမှာ ဖြစ်ပြီး ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

(၂) အုန်းနို့ရည်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဆံသားကို အားဖြည့်ပေးနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို လျော့ပါး သက်သာစေ နိုင်ပါတယ်။ အုန်းနို့ရည် အနည်းငယ်ထဲကို သံလွင်ဆီ ၂ စက်ခန့် လောင်းထည့်ပေးပြီး ခေါင်းမလျှော်ခင် ဆံသားတွေကို နှိပ်နယ်ပေးခြင်းအားဖြင့် ဆံသားတွေကို ပျော့ပျောင်းပြီး ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။

(၃) အုန်းနို့ရည်ကို ခေါင်းမလျှော်ခင် ဆံသားအနှံ့ လိမ်းထားပေးပြီးမှ ခေါင်းလျှော်ရည်နဲ့ ပြန်လည် လျှော်ပေးခြင်းအားဖြင့် ဆံသားတွေကို ပျော့ပျောင်းနေစေမှာ ဖြစ်ပါတယ်။

(၄) အဆီပြန်ပြီး ဝက်ခြံထွက်တဲ့ အသားအရေတွေအတွက် အုန်းနို့ရည်ကို မိတ်ကပ်ဖျက်တဲ့ cleanser အနေနဲ့ အသုံးပြုခြင်းက အဆီပြန်ခြင်းနဲ့ ဝက်ခြံတွေကို လျော့ပါး သက်သာစေမှာ ဖြစ်ပါတယ်။

(၅) အုန်းနို့ရည် အနည်းငယ်ကို ရေချိုးတဲ့အခါ ချိုးမယ့်ရေထဲ အနည်းငယ် ထည့်ပြီး ရေချိုးပေးခြင်းအားဖြင့် အသားအရေကို အစိုဓာတ် ပြည့်ဝနေစေမှာ ဖြစ်ပါတယ်။

(၆) နေလောင်ထားတဲ့ အသားအရေပေါ်ကို အုန်းနို့ရည် လိမ်းပေးခြင်းအားဖြင့် နေလောင်ထားလို့ နီမြန်းနေတဲ့ အသားအရေကို ပုံမှန် အသားအရောင်အတိုင်း ပြန်ဖြစ်စေမှာ ဖြစ်ပါတယ်။

Ref:www.naturallivingideas.com

Did you find apk for android? You can find new Free Android Games and apps.
Loading