ကလေးငယ်တွေရဲ့ အစာခြေစနစ်ဟာ လူကြီးတွေလို စားသမျှ အစားအစာ အားလုံးကို မချေဖျက်နိုင်တဲ့အပြင် အစာအိမ်ဟာလည်း နုနယ်လွန်းတာကြောင့် ကျွမ်းကျင်သူတွေ သတိပေးထားတဲ့ ကလေးငယ်တွေကို မကျွေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကလေးငယ်အများစု ကြိုက်နှစ်သက်ကြတဲ့ မြေပဲထောပတ်မှာ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ အစာခြေစနစ်ဟာ ပရိုတင်းဓာတ်ကို ကောင်းစွာ မချေဖျက်နိုင်သေးတဲ့အပြင် မြေပဲဟာ ကလေးငယ် အများစုနဲ့ ဓာတ်မတည့်တာမျိုးလည်း ဖြစ်နိုင်တာကြောင့် မကျွေးသင့်ပါဘူး။
(၂) ပျားရည်မှာ ကလေးငယ်တွေနဲ့ ဓာတ်မတည့်တဲ့ Clostridium ဆိုတဲ့ ဘက်တီးရီးယား တမျိုးပါဝင်တာကြောင့် အစာအဆိပ်သင့်တာနဲ့ ကြွက်သားတွေတုံ့ဆိုင်းသွားတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) မိခင်နို့နဲ့ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကသာ ကလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်ပြီး အသက် ၁ နှစ်အောက် ကလေးငယ်တွေကို ပဲနို့ ဒါမှမဟုတ် နွားနို့ တိုက်ခြင်းဟာ ကလေးငယ်ရဲ့ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
(၄) ပင်လယ်စာတွေဟာ အသက် ၁ နှစ်အောက် ကလေးငယ်တွေကို Allergic ဖြစ်စေနိုင်ပြီး အသက် ၂ နှစ်နဲ့အထက် ကလေးငယ်တွေကို ကျွေးမယ်ဆိုရင်တော့ ဓာတ်တည့် မတည့် စမ်းသပ်ပြီးမှသာ ကျွေးသင့်ပါတယ်။
(၅) ချောကလက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ကလေးငယ်တွေ များများစားမိရင် အသက်ရှု မဝတာမျိုးနဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် များများ မကျွေးသင့်ပါဘူး။
(၆) အချဉ်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေဟာ ကလေးငယ်တွေရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အသက် ၁ နှစ် အောက် ကလေးငယ်တွေကို အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ မကျွေးသင့်ပါဘူး။
(၇) အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေမှာ သကြားဓာတ်နဲ့ ထပ်မံဖြည့်စွက်ထားတဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်တာကြောင့် အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေ တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
Ref : www.momtricks.com