အသည်းဟာ လူ့ခန္ဓာကိုယ်အတွင်းက အကြီးစား အင်္ဂါတခုလည်း ဖြစ်ပါတယ်။ သင် မဆင်မခြင် စားသုံးလိုက်တဲ့ အစာတွေက သင့်အသည်းကို ထိခိုက်နိုင်စေပါတယ်။ ကျန်းမာတဲ့ စားသောက်ပုံကသာ သင့်အသည်းကို ကျန်းမာစေပြီး အဆိပ်အတောက် ဖြစ်စေတဲ့ အစားအစာတွေကို စားသုံးတာ များတဲ့အခါ သင့်အသည်းက ဘာတွေဖြစ်လာသလဲဆိုတာ ပြောပြပေးပါမယ်။
(၁) ရင်ဘတ် နာလာတယ်
သင့်အသည်းမှာ အညစ်အကြေး၊ အဆိပ်တွေ ပြည့်လာတဲ့အခါ အသည်းက နာလာပါလိမ့်မယ်။ အသည်းက ဝမ်းဗိုက် အပေါ်ပိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ ရင်ညှပ်ရိုးကြားမှာ ရှိတာကို ပုံပါအတိုင်း တွေ့ရပါလိမ့်မယ်။ အဲဒီ့နေရာက ပြင်းပြင်းထန်ထန် နာကျင်နေပြီဆိုရင် သင့်အသည်းမှာ ပြဿနာရှိနေပါပြီ။
(၂) ခြေကျင်းဝတ်နဲ့ ခြေထောက် ရောင်ရမ်းလာတယ်
အသည်းနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ အခြေအနေကို လျစ်လျူရှု ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ Portal Hypertension ကို ဖြစ်လာစေပါတယ်။ ဒီအရာက ခြေထောက်တွေေ ရာင်လာစေပြီး နာကျင်မှုကိုတော့မခံစားရဘူးလို့ ဆိုပါတယ်။
(၃) ဝိတ်တက်လာမယ်
ပထမဆုံး သတိပြုမိနိုင်မယ့် အချက်ကတော့ ကိုယ်အလေးချိန်ပါပဲ။ အစားတွေ အများကြီး မစားဘဲနဲ့ ဝလာတယ်ဆိုရင် သင့်အသည်းမှာ အဆိပ်အတောက်တွေ များနေလို့ ဖြစ်နိုင်တဲ့အတွက် အသည်းကို သန့်စင်ပေးမဲ့ Detox ဆိုတာမျိုးနဲ့ ဝိတ်ပြန်ချနိုင်ပါတယ်။
(၄) Allergy (ဓာတ်မတည့်၍ ယားယံမှု)
Allergy ဖြစ်တာဟာ သွေးထဲမှာ မသန့်တဲ့အရာတွေ ဝင်ရောက်နေတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Allergy ခဏခဏ ဖြစ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
(၅) မျက်လုံး ဝါခြင်း
အရေပြားနဲ့ မျက်လုံးတွေ ဝါနေတာဟာလည်း သင့်အသည်းကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ ပုံမှန် မဟုတ်တဲ့ မျက်လုံး အဝါတွေဟာ သင့်မှာ Jaundice ကို ခံစားနေရပြီလို့ ဖော်ပြနေပါတယ်။ Juandice ဆိုတာ ဖျားနာခြင်း မဟုတ်ဘဲ သင့်အသည်း ထိခိုက်ပျက်စီးနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
(၆) ပင်ပန်း နွမ်းနယ်နေခြင်း
သင်ဟာ အနည်းဆုံး ၆ လတိုင်တိုင် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရပြီဆိုရင် မပေ့ါဆသင့်ပါဘူး။ သင့်အသည်းက ကျန်းမာနေတဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ စွမ်းအင်အတွက် Glucose ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Glucose အပြည့်အဝ မရတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ပင်ပန်းနေတာ ဖြစ်ပါတယ်။
(၇) အော့အန်ခြင်း
အသည်းက အဆိပ်အတောက်တွေကို မချေဖျက်နိုင်တော့တဲ့အခါ သင်ဟာ မအီမသာနဲ့ အော့အန်ချင်သလို အမြဲ ခံစားရပါလိမ့်မယ်။
(၈) ကိုလက်စထရော မြင့်တက်လာမယ်
သင့်ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ကိုလက်စထရော မြင့်တက်လာတဲ့အခါ အမှန်ပဲ အသည်းမှာ ပြဿနာ ရှိနေ နိုင်ပါတယ်။
ဒါဆိုရင် အသည်းက သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့အတွက် သင့်အသည်းကို မထိခိုက် စေရအောင် အစားအသောက်တွေ ဆင်ခြင်စားဖို့ အကြံပြုလိုက်ပါတယ်။
Ref ; www.providr.com