အပူလောင်ခြင်းဟာ အဖြစ်များတဲ့ မတော်တဆမှု တခုဖြစ်ပြီး ကြီးကြီးမားမား အပူလောင်တာမျိုး မဟုတ်ဘူး ဆိုရင် အိမ်မှာအလွယ်တကူရှိတဲ့ သဘာဝပစ္စည်းတွေနဲ့တင် သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အပူလောင် ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေမယ့် အိမ်မတတွင်း သဘာဝကုထုံး နည်းလမ်းတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် မျှဝေ ပေးလိုက်ပါတယ်။
(၁) ဆီပူလောင်တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ပူနေတဲ့ အရာဝတ္ထုတခုခုနဲ့ ကပ်မိတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ အပူလောင်သွားတဲ့ အရေပြားနေရာပေါ်ကို ရေခဲရေနဲ့ လောင်းပေးပြီး အိမ်မှာ အလွယ်တကူရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို ပွတ်လိမ်း ပေးထားခြင်း အားဖြင့် အပူလောင်ခြင်းကြောင့် အရည်ကြည်ဖုထခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၂) ပျားရည်ဟာ အသေးစား အပူလောင်ဒဏ်ရာတွေအတွက် အသင့်တော်ဆုံး သဘာဝပစ္စည်းတမျိုး ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို ပျားရည်အနည်းငယ် သုတ်လိမ်းပေးခြင်းအားဖြင့် အပူလောင်ခြင်းကြောင့် ခံစားရတဲ့ စပ်ဖျင်းဖျင်း ဝေဒနာတွေကို သက်သာစေတဲ့အပြင် ကူးစက်ပိုးတွေ ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) အုန်းဆီမှာ ဗီတာမင်အီးနဲ့ Fatty Acid တို့ပါဝင်တာကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်ပြီး သံပုရာရည်နဲ့ အုန်းဆီတို့ကို ရောစပ်ပြီး အပူလောင်ဒဏ်ရာပေါ် လိမ်းပေးခြင်းအားဖြင့် အပူလောင်ဒဏ်ရာကြောင့် ကျန်ခဲ့တဲ့ အမာရွတ်ကို ပျောက်ကင်းစေနိုင်ပါတယ်။
(၄) နွားနို့မှာ ပရိုတင်းဓာတ်နဲ့ အဆီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အပူလောင်သွားတဲ့ အရေပြားကို အနာကျက် မြန်စေမှာ ဖြစ်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားပေါ်ကို နွားနို့နဲ့ သေချာစွာဆေးကြော သန့်စင်ပေးရုံနဲ့ အရေပြားကို အေးမြစေပြီး ရေဓာတ်ပြည့်နေစေမှာ ဖြစ်ပါတယ်။
(၅) ရှာလကာရည်မှာ ပါဝင်တဲ့ Ascetic Acid ဟာ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ အရည်ကြည်ဖု ထခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ အပူလောင်ထားတဲ့ အရေပြားကို ရှာလကာရည် အနည်းငယ် လောင်းချပေးပြီး ရေအေးအေးနဲ့ ပြန်လည် ဆေးကြောပေးရုံနဲ့ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
Ref : www.ba-bamail.com