အလှအပနဲ့ ကျန်းမာရေးအတွက် အသုံးတည့်လှတဲ့ သဘာဝပစ္စည်းတမျိုးဖြစ်တဲ့ နနွင်းကို အသုံးပြုဖို့မသင့်တော်တဲ့ အခြေအနေတွေလည်းရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေမှာ နနွင်းကို ရှောင်ကြဉ်သင့်လဲဆိုတာကို ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) ခွဲစိတ်ဖို့ အစီအစဉ်ရှိသူတွေအနေနဲ့ ခွဲစိတ်ဖို့ ၂ ပတ်လောက်အလိုကနေစပြီး နနွင်းနဲ့ပက်သက်တဲ့ ဆေးဝါးတွေအပြင် နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းဟာ ခန္ဓာကိုယ်တွင်းသွေးခဲမှုကို လျော့ကျစေတာကြောင့် ခွဲစိတ် နေစဉ်အတွင်း သွေးယိုစီးမှုကို ဖြစ်စေနိုင်ပါတယ်။
(၂) ကျောက်ကပ်မှာ ကျောက်တည်နေသူတွေအနေနဲ့ နနွင်းကို အထူးပဲ ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းမှာပါဝင်တဲ့ Oxalates လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတမျိုးဟာ ကျောက်ကပ်တွင်းကျောက်တည်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
(၃) နနွင်းမှာ Uric Acid ပါဝင်မှုများတာကြောင့် အဆစ်အမြစ်ရောင်ရောဂါရှိသူတွေနဲ့ မသင့်တော်ပါဘူး။ အထူးသဖြင့် ဂေါက်ရောဂါရှိသူတွေအနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ကိုယ်ဝန်ဆောင်တွေမှာ နနွင်းစားသုံးခြင်းဟာ ရာသီသွေးစက်ဝန်းကို အားပေးသလိုဖြစ်တာကြောင့် နနွင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နနွင်းဟာ ရာသီစက်ဝန်းပုံမှန်မဟုတ်တဲ့ အခါမျိုးတွေမှာ သားအိမ်ကိုရာသီသွေးဆင်းစေဖို့ လှုံ့ဆော်ပေးတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) ဆီးချိုရောဂါနဲ့ပက်သက်တွေ ဆေးဝါးတွေ သောက်သုံးနေရသူတွေအနေနဲ့ နနွင်းစားသုံးခြင်းကို ရှောင်ကြဉ်သင့် ပါတယ်။ နနွင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး မမျှမတဖြစ်စေတာကြောင့် နနွင်းစားသုံးမှုကို ရှောင်ကြဉ်သင့်ပါတယ်။
Ref. https://www.turmericforhealth.com