သုတေသနလေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အိပ်မပျော်တဲ့ပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို အမျိုးသားတွေထက် ပိုမိုခံစားရလေ့ရှိတာကြောင့် အမျိုးသားတွေထက် အိပ်စက်ချိန်ပိုမိုလိုအပ်တယ်လို့ဆိုပါတယ်။
အိပ်စက်ခြင်းဆိုင်ရာ သုတေသနစာတမ်းတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဦးနှောက်ပိုအလုပ် လုပ်ရ တာကြောင့် အိပ်ချိန်ပိုမိုလိုအပ်တာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။
အသက် ၂၆ နှစ်ကနေ ၆၄ နှစ်အရွယ်ကြား အမျိုးသမီးတွေအနေနဲ့ တနေ့ကို အိပ်ချိန်အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ လိုအပ်ပြီး အသက် ၆၄ နှစ်အထက် အမျိုးသမီးတွေမှာတော့ အိပ်ချိန် ၈ နာရီခန့််လိုအပ်တယ်လို့ နိုင်ငံလုံး ဆိုင်ရာ အိပ်စက်ခြင်းသုတေသနအဖွဲ့အစည်းက အကြံပြုပြောဆိုထားပါတယ်။
ဆယ်ကျော်သက်အရွယ်တွေမှာတော့ အိပ်စက်ချိန် ၉ နာရီကနေ ၁၀ နာရီအထိလိုအပ်ပြီး ဆယ်ကျော်သက်အရွယ်တွေမှာ အိပ်စက်ချိန်မလုံလောက်ပါက ဦးနှောက်ဖွံဖြိုးမှုအပိုင်းတွေကို နှောင့်နှေးစေနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။
အမျိုးသမီးတွေအနေနဲ့ အိပ်စက်ချိန်လုံလောက်မှုမရှိတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အာရုံစူးစိုက်နိုင်စွမ်းရည်နဲ့ ဦးနှောက်ပိုမိုအလုပ်လုပ်ရခြင်းတို့ကြောင့်လည်း အိပ်ရေးဝဝအိပ်စက်ပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုဟာ အမျိုးသားတွေထက် ပိုမိုရှုပ်ထွေးတဲ့အပြင် လစဉ်ကြုံတွေ့ရတဲ့ ရာသီစက်ဝန်းကြောင့်လည်း အိပ်စက်ချိန်ဟာ ပိုမိုလိုအပ်တာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တပြိုင်နက်တည်းမှာတင် အလုပ်ပေါင်းများစွာကိုလုပ်နိုင်စွမ်း ပိုမိုရှိတဲ့အတွက်ကြောင့်လည်း အိပ်ချိန်ပိုမိုလိုအပ်တာ ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အိပ်ချိန်မလုံလောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေအပြင် နှလုံးရောဂါ၊ ကိုယ်အလေးချိန်တိုးခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ပြသနာတွေကိုပါ ခံစားရနိုင်ပါတယ်။
Ref. https://india.curejoy.com