ပေါင်းစပ်အသားရေဆိုတာ မျက်နှာပေါ်က T zone (နဖူး၊ နှာခေါင်းနဲ့ မေးစေ့) တဝိုက် အဆီပြန်ပြီး တခြားနေရာမှာ ခြောက်သွေ့နေတတ်တာပါ။
မျက်နှာအသားရေတခုလုံးက တသတ်မတ်တည်းမဟုတ်လို့ အသားရေပြဿနာတွေကလည်း မတူညီပြန်ပါဘူး။ အဖု ထွက်တဲ့နေရာထွက်၊ အသားခြောက်တဲ့နေရာခြောက်၊ အဆီပြန်ပြီး နှာခေါင်းတဝိုက် ဆားဝက်ခြံတွေနဲ့ မည်းညစ်နေ တတ်လို့ အမြဲစိတ်ညစ်နေကြရတာပါ။
အမျိုးသမီးတော်တော်များများမှာ ဒီပြဿနာကြုံနေရပြီး Skin Care တမျိုးတည်းနဲ့အဆင်မပြေပဲ အဆီပြန်တဲ့ နေရာကို တမျိုး၊ ခြောက်တဲ့နေဆို တဖုံဆိုပြီး သုံးနေရလို့ စိတ်ညစ်နေပြီဆိုရင် အိမ်မှာပဲ အလွယ်တကူ ကုစားနိုင်မယ့် နည်းလမ်း လေးတွေကို ဝေမျှပေးချင်ပါတယ်။ ပေါင်းစပ်အသားရေရှိသူတွေအတွက် အစွမ်းထက်ဆုံး အိမ်တွင်းကုထုံးနည်းလမ်း တွေကတော့ အောက်ပါအတိုင်းပါပဲ။
စပျစ်သီးမှာ Antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ပေါင်းစပ်အသားရေအတွက် အလွန်ပဲသင့်တော်ပါတယ်။ စပျစ်သီးကို ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး ထုချေပြီး ရလာတဲ့အရည်ကို မျက်နှာပေါ် လိမ်းပေးမယ်ဆိုရင် ငယ်ရွယ်နုပျိုတဲ့အသားရေကိုပိုင်ဆိုင်နိုင်ပြီး ဝက်ခြံထွက်တာကို သက်သာစေပါတယ်။
နောက်ထပ်အစွမ်းထက်ပစ္စည်းကတော့ Rose Water ပါ။ နှင်းဆီပွင့်ဖတ်တွေကို ရေသန့်သန့်ထဲ နာရီအနည်းငယ်လောက် စိမ်ထားပါ။ စိမ်ထားတဲ့ပွင့်ဖတ်တွေကို ဆယ်ပြီး ဒိန်ချဉ်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းရယ်၊ နှင်း ဆီပွင့်ဖတ်တွေစိမ်ထားတဲ့ rose water စားပွဲတင်ဇွန်း ၂ ဇွန်းရယ်၊ အားလုံးကိုရောပြီး ချေမွပစ်လိုက်ပါ။
ရလာတဲ့ အရည်ကို မျက်နှာနဲ့ လည်ပင်းအနှံ့လိမ်းပြီး ၁၅ မိနစ်လောက်ထား ရေပြန်ဆေးပါ။ သဘာဝတိုနာလို့ တင်စားကြ တဲ့ Rose Water ဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ထိန်းညှိပေးပြီး မျက်နှာကို ကြည်လင်ဝင်းပစေပါတယ်။
ဖျော်စက်ထဲကို ငှက်ပျောသီး ၁ လုံး၊ သင်္ဘောသီး အနည်းငယ်၊ မုန်လာဥနီ ၁ တောင့်နဲ့ ပျားရည် တခွက်ထည့်ပြီး၊ သမ သွားအောင် ဖျော်ပါ။ ရလာတဲ့အရည်ကို မျက်နှာအနှံ့လိမ်းပြီး မိနစ် ၂၀ လောက်ထားလိုက်ပါ။ မိနစ် ၂၀ ပြည့်ရင် ကြက်သီးနွေးရေနွေးလေးနဲ့ ပြန်သန့်စင်ပေးပါ။ ပုံမှန်လုပ်ရင် အသားရေညီလာပြီး သဘာဝအတိုင်း ကြည်လင်တောက်ပ တဲ့အသားရေကို ပိုင်ဆိုင်နိုင်မှာပါ။
အသားရေကို နူးညံ့စိုပြည်ချင်တယ်ဆိုရင်တော့ ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းစီ၊ ဒိန်ချဉ်၊ နို့မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ ရောပြီး မျက်နှာပေါ် လိမ်းပေးလိုက်ပါ။ နောက်တနည်းက ဖရဲသီး ဖျော်ရည်နဲ့ ငှက်ပျောသီး အမှည့် ဖျော်ရည်ရယ်၊ ဒိန်ချဉ် ခွက်တဝက်ရည် ရောစပ်ပြီးလဲ သုံးနိုင်ပါတယ်။
ပေါင်းစပ်အသားရေပိုင်ရှင်တွေက နွေရာသီဆို တခြားသူတွေထက် ချွေးထွက်များပြီး မျက်နှာပေါ် အဆီအရမ်း ပြန်တတ်ပါတယ်။ အဲဒီ့အခါ နွားနို့ထဲ ဆန္ဒကူးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောမွှေပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ထားပေးပါ။ ပုံမှန်လုပ်ပေး ရင် မျက်နှာပေါ်က အမည်းစက်နဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး အေးမြလန်း ဆန်းစေပါတယ်။
Ref: Speedy Remedies