Health

အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းရင်း (၅) ချက်

Want create site? Find Free WordPress Themes and plugins.

သင့်ရဲ့နေ့စဉ်လုပ်ငန်းတာဝန်တွေမှာ သင်ဟာ လန်းဆန်းမှုမရှိဘဲ အမြဲလိုလို ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ပင်ပန်းနွမ်းနယ် နေပြီဆိုရင်တော့ ဒီလိုမျိုး ဖြစ်ပေါ်နေခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေကလည်း အခိုင်အလုံရှိနေပါတယ်။ ဘယ်လိုအကြောင်းအရင်းတွေက သင့်ကို အမြဲတမ်းပင်ပန်းနွမ်းနယ်မှုကို ခံစားစေသလဲဆိုတာကို သိရှိနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်လုံလောက်စွာ မရရှိတဲ့အခါမျိုးတွေမှာလည်း အလိုလိုနေရင်း ပင်ပန်းနွမ်းနယ် နေတတ် ပါတယ်။ အာဟာရပညာရှင်တွေကတော့ တနေ့ကို ရေနှစ်လီတာခန့် အနည်းဆုံးသောက်သုံးပေးမှသာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ရုံးမှာတနေကုန် ကွန်ပျူတာရှေ့ထိုင်အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်တွေမှာလည်း တီဗီကြည့်တာမျိုးနဲ့ ဖုန်းအသုံးပြုတာမျိုးတွေဟာလည်း သင့်ကို ဘာမှမလုပ်ဘဲ ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။ ကွန်ပျူတာနဲ့ ဖုန်းတွေဆီကနေ ရောင်ပြန်ဟပ်တဲ့ ရောင်ခြည်တွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေပါတယ်။

(၃) လူအများစုဟာ မိမိမှာ သွေးအားနည်းဝေဒနာ ခံစားနေရတယ်ဆိုတာကို သတိမထားမိတတ်ကြပါဘူး။ သွေးထဲမှာ ဟေမိုဂလိုဘင်ဓာတ်နည်းတဲ့အခါ ခန္ဓာကိုယ်တွင်းက တစ်ရှူးတွေဟာ အောက်ဆီဂျင်ဓာတ်လုံလောက်စွာ မရတာကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပါတယ်။

(၄) ကော်ဖီအသောက်များခြင်းဟာ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်အများအပြား စုပုံနေစေတဲ့အတွက်ကြောင့် ပင်ပန်း နွမ်းနယ်ပြီး ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်စေနိုင်ပါတယ်။ ကော်ဖီဟာ စိတ်ကိုလန်းဆန်းစေနိုင်တာမှန်ပေမယ့် လိုအပ်တာထက် ပိုသွားရင်တော့ သင့်ကို ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။

(၅) အိပ်ရေးမဝခြင်းဟာလည်း အလိုလိုနေရင်း ပင်ပန်းနွမ်းနယ်စေနိုင်တဲ့ အကြောင်းအရင်းတခုပဲ ဖြစ်ပါတယ်။ အိပ်ရေးမဝ ခြင်းကြောင့် အလုပ်မှာ တက်ကြွလန်းဆန်းမှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေစေမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝခြင်းဟာ ပင်ပန်းနွမ်းနယ်စေရုံသာမက ရေရှည်မှာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေတို့ကို မြင့်တက်စေတာကြောင့် လုံလောက်တဲ့ အိပ်စက်ချိန်ရှိဖို့ လိုအပ်ပါတယ်။

Ref. https://www.healthline.com

Did you find apk for android? You can find new Free Android Games and apps.
Loading