အိပ်မက်အများစုဟာ မသိစိတ်က တစုံတခုကို စွဲလမ်းမှုကြောင့် မက်တာလို့ ယူဆနိုင်ပေမယ့် မကြာခဏဆိုသလို မက်တတ်တဲ့ အိပ်မက်တွေကတော့ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အကြောင်းတွေကို ပြောပြနိုင်တယ်လို့ လေ့လာသူတွေ ဆိုပါတယ်။
သင်ဟာ ဘယ်လို အိပ်မက်မျိုးတွေကို မက်တတ်သူလဲဆိုတာကို အခုဖော်ပြပေးမယ့် အိပ်မက်အမျိုးအစားတွေနဲ့ ဆန်းစစ်ကြည့်နိုင်ပါတယ်။
(၁) ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား အိပ်မက်တွေ(ဥပမာ အားဖြင့် အိပ်မက်ထဲမှာ လေပေါ်ပျံနေတာနဲ့ ကိုယ်ယောင်ဖျောက်တာမျိုး)ကို မက်တတ်သူတွေဟာ သာမန်လူတွေထက် ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
(၂) အပြင်လောကနဲ့ နီးစပ်တဲ့ သမားရိုးကျ အိပ်မက်တွေကိုပဲ မက်တတ်သူတွေကတော့ ရှေးရိုးစွဲဆန်ပြီး သဘောထားကြီး တတ်သူတွေ ဖြစ်ပါတယ်။
(၃) ချွေးစေးတွေပြန်ပြီး လန့်နိုးစေတဲ့အထိဖြစ်စေတဲ့ အိပ်မက်ဆိုးတွေ မကြာခဏမက်တတ်တယ်ဆိုရင်တော့ နှလုံးနဲ့ ပက်သက်ပြီး ကျန်းမာရေး ပြဿနာတခုခုကြောင့်ပဲ ဖြစ်ပါတယ်။ စိတ်စွဲလို့ တခါတရံ မက်တာမျိုးက ပြဿနာ မရှိပေမယ့် မကြာခဏ မက်တတ်တယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ဖို့ အလားအလာ များလှပါတယ်။
(၄) အပြင်မှာ တခါမှမတွေ့ဖူးတဲ့သူတွေနဲ့ မကောင်းဆိုးဝါးတွေကို မကြာခဏဆိုသလို အိပ်မက် မက်တတ်သူတွေဟာ လက်တွေ့ဘဝမှာ သူတို့ရင်မဆိုင်ချင်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့သူတွေပဲ ဖြစ်ပါတယ်။
(၅) လေ့လာသူတွေရဲ့ အဆိုအရ အိပ်ပျော်နေတဲ့ အိပ်စက်ချိန် တချိန်လုံးမှာ မတူညီတဲ့ အိပ်မက်တွေကို တခုပြီးတခု ဆက်တိုက်ဆိုသလို အိပ်မက်မက်တတ်တဲ့ သူတွေဟာ စိတ်ဓာတ်ကျနေတာ ဒါမှမဟုတ် စိတ်ကျရောဂါ ဖြစ်နိုင်ခြေများ သူတွေမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။
အိပ်ပျော်ပြီးပြီးချင်း ၄၅ မိနစ်လောက်ကနေစလို့ ဆက်တိုက်ဆိုသလို အိပ်မက်တွေ မက်နေတာကြောင့် အိပ်ရေးဝသလို မခံစားရဘဲ လေးလံထိုင်းမှိုင်း နေတတ်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ သင့်မှာ စိတ်ဓာတ်ကျစရာ အခြေအနေတခုခု ရှိနေကြောင်းကို သိရှိနိုင်မှာဖြစ်ပါတယ်။
(၆) အိပ်မက်ထဲမှာ စာမေးပွဲဖြေနေတယ်လို့ မကြခဏ အိပ်မက်တတ်သူတွေကတော့ ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်တဲ့စွမ်းရည်နဲ့ သင်ယူလေ့လာမှု စွမ်းရည်တွေကို ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေက ပံ့ပိုးပေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။
(၇) ရေနစ်တာမျိုးနဲ့ တိုက်ခိုက်ခံနေရလို့ ထွက်ပြေးတဲ့ အိပ်မက်မျိုးတွေ မကြာခဏ မက်တတ်သူတွေကတော့ အာရုံကြော ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတခုခုကြောင့်လည်း ဖြစ်နိုင်ပြီး ဆုံးဖြတ်ရခက်တဲ့ ကိစ္စမျိုးတွေနဲ့ စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေမျိုးတွေမှာလည်း မက်တတ်ပါတယ်။
Ref; www.rd.com