မျက်နှာအသားအရေကို နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းသိမ်းတတ်ကြပေမယ့် မျက်နှာအသားအရေနဲ့ ပက်သက်ပြီး ရှောင်ကြဉ်ရမယ့် အချက်တွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အလှအပကို ချစ်မြတ်နိုးတဲ့ ပျိုမေတို့အတွက် မျက်နှာအသားအရေ မပျက်စီးစေဖို့ ရှောင်ကြဉ်သင့်တဲ့ အချက်များကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) Skincare ပစ္စည်းတွေကို တချိန်တည်းမှာ အလွန်အကျွံ အသုံးပြုခြင်းဟာ မျက်နှာအသားအရေကို ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ မျက်နှာအသားအရေကို တချိန်တည်းမှာပဲ Mask လည်းကပ်၊ Scrub တွေလည်းသုံး ပြုလုပ်ခြင်းဟာ မျက်နှာအသားအရေမှာ ဓာတ်မတည့်တာနဲ့ ခြောက်သွေ့ ကြမ်းတမ်းတာမျိုးတွေ ဖြစ်နိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၂) တခါတရံမှာ အလှကုန်ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူပြီးကာမှ ကိုယ့်အသားအရေနဲ့ မသင့်တော်ပေမယ့် နှမြောစိတ်နဲ့ ဆက်လက် အသုံးပြုတာမျိုး ရှိတတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအကျိုးဆက်က သင့်မျက်နှာ အသားအရေကို ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၃) မျက်နှာအသားအရေ ထိန်းသိမ်းတဲ့အခါ အများဆုံးပြုလုပ်လေ့ရှိတဲ့ ရေနွေးနဲ့မျက်နှာသစ်ခြင်းဟာ သင့်အသားအရေကို ရေရှည်မှာ အိုမင်းရင့်ရော်စေတဲ့ အသွင်ပေါက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
(၄) မျက်နှာအသားအရေကို Skincare ဘယ်လောက်ပဲလုပ်လုပ် မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေ သန့်ရှင်းမှု မရှိဘူးဆိုရင်တော့ မျက်နှာအသားအရေမှာ အဆီဖုနဲ့ဝက်ခြံတွေအပြင် အသားအရေယားယံတာမျိုးတွေ ဖြစ်လာနိုင်တာ ကြောင့် မိတ်ကပ်ဘရပ်ရှ်တွေအပါအဝင် မိတ်ကပ်လိမ်းခြယ်တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှင်းအောင် ပုံမှန် ဆေးကြောသင့်ပါတယ်။
(၅) မျက်နှာအသားအရေထိန်းသိမ်းတဲ့အခါမှာ အသုံးပြုတဲ့ Cosmetics ပစ္စည်းတွေသာ အရေးကြီးတာ မဟုတ်ပါဘူး။ မျက်နှာနဲ့ထိတွေ့ရတဲ့ ပစ္စည်းတွေဖြစ်တဲ့ မျက်နှာသုတ်ပဝါနဲ့ ခေါင်းအုံးစွပ်လို ပစ္စည်းတွေကို အနည်းဆုံး သုံးရက်တခါ လောက် ပုံမှန်လျှော်ဖွပ်ပေးသင့်ပြီး ခေါင်းအုံးစွပ်နဲ့ မျက်နှာသုတ်ပုဝါတွေ မသန့်ရှင်းတဲ့အခါ မျက်နှာအသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
Ref ; www.annmariegianni.com