Health

အအေးမိဖျားနာခြင်းတွေကို သက်သာစေနိုင်မယ့် သဘာဝလက်ဖက်ရည် ၄ မျိုး

Want create site? Find Free WordPress Themes and plugins.

အခုလို မိုးရာသီကာလမှာ အဖြစ်များတဲ့ အအေးမိဖျားနာခြင်းတွေကို ကြိုတင်ကာကွယ်စေနိုင်ဖို့အတွက် သဘာဝပစ္စည်း တွေနဲ့ ပြုလုပ်ထားတဲ့ သဘာဝလက်ဖက်ရည်ကြမ်းတွေကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ သဘာဝလက်ဖက်ရည်တွေ သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုနဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ချင်း(ဂျင်း) နဲ့ပျားရည်ကို ရေနွေးပူပူနဲ့ရောစပ်ထားတဲ့ ချင်းလက်ဖက်ရည်ဟာ အအေးမိဖျားနာခြင်းကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲနာကျင်ခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အခုလိုမိုးရာသီမှာ အဖြစ်များလေ့ရှိတဲ့ ဗိုက်နာ၊ ဗိုက်အောင့်ခြင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကိုလည်း ကောင်းမွန်စေတာကြောင့် ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

(၂) ချင်းကို အခြောက်လှမ်းထားတဲ့ ချင်းခြောက်နဲ့ လက်ဖက်စိမ်းလက်ဖက်ခြောက်တို့ကို ရောပြီး ရေနွေးအဖြစ် ပြုလုပ် သောက်သုံးပေးခြင်းက အစာအိမ်နာတာနဲ့ နှာစေးနှာပိတ်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အမျိုးသမီးတွေ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာစေနိုင်ပြီး ကြွက်သားနာကျင်ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေနိုင် ပါတယ်။

(၃) မိုးရာသီကာလမှာ မိုးမိခြင်းကြောင့် ဖြစ်တတ်တဲ့ အဆုတ်အအေးပတ်တာ အပါအဝင် အအေးမိခြင်းနဲ့ ကိုယ်လက် နာကျင်ကိုက်ခဲခြင်းတွေအတွက် ပင်စိမ်းရွက်နဲ့ ပြုလုပ်ထားတဲ့ ပင်စိမ်းလက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။ ရေနွေးပူပူထဲကို ပင်စိမ်းရွက်အနည်းငယ်ထည့်ပြီး အရသာကောင်းမွန်အောင် ပျားရည် ဒါမှမဟုတ် သံပုရာရည် အနည်းငယ် ထည့်ပြီး ပြုလုပ်သောက်သုံးနိုင်ပါတယ်။

(၄) ပူစီနံရွက်မှာပါဝင်တဲ့ ပူရှိန်းရှိန်းအရသာဓာတ်ဟာ အအေးမိဖျားနာတဲ့အခါ ဖြစ်တတ်တဲ့ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အအေးမိဖျားနာနေတဲ့အခါ ပူစီနံရွက် လက်ဖက်ရည်ကို သောက်သုံး ပေးခြင်းအားဖြင့် ကိုယ်အပူချိန်ကို အမြန်ကျစေနိုင်ပြီး ကြွက်သားနာကျင်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Ref : grosche.ca

Did you find apk for android? You can find new Free Android Games and apps.
Loading