မျက်လုံးတဝိုက်က အရေပြားနေရာဟာ မျက်နှာပေါ်က အနူးညံ့ဆုံး အရေပြားနေရာ ဖြစ်တာကြောင့် သာမန်ထက် ပိုပြီး ဂရုစိုက်ရပါတယ်။
အသက် ၂၀ ကျော်ပြီဆိုလာတာနဲ့ မျက်လုံးတဝိုက်က အရေပြားတွေဟာ ပိုပါးလာပြီး အရေးအကြောင်းတွေဟာ တဖြည်းဖြည်းနဲ့ ပေါ်လွင်လာတာကြောင့် မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို လျော့ပါးသက်သာစေမယ့် Eye Mask ပြုလုပ်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကြက်ဥအကာမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာ စေနိုင်တာကြောင့် ကြက်ဥအကာကို ရှားစောင်းလက်ပပ် ဂျယ်လ်အနည်းငယ်နဲ့ ရောပြီး မျက်လုံးတဝိုက်မှာ လိမ်းပေးခြင်းအားဖြင့် မျက်လုံး တဝိုက်က အရေးအကြောင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
(၂) ငှက်ပျောသီးဟာ ပိုတက်ဆီယမ်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတမျိုးဖြစ်တာကြောင့် မျက်နှာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့အပြင် အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ ငှက်ပျောသီးမှည့် တလုံးကို ကြိတ်ချေပြီး သံလွင်ဆီအနည်းငယ်နဲ့ရောကာ မျက်လုံးတဝိုက်က အရေးအကြောင်းတွေပေါ်ကို လိမ်းပေးနိုင်ပါတယ်။
(၃) ထောပတ်သီးမှာ အမျှင်ဓာတ်နဲ့ Antioxidant ဓာတ်တွေ ပေါပေါများများ ပါဝင်တာကြောင့် အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကြိတ်ချေထားတဲ့ ထောပတ်သီးအနှစ်နဲ့ ပျားရည် ဒါမှမဟုတ် သံလွင်ဆီ နဲ့ရောပြီး မျက်လုံးတဝိုက်မှာ လိမ်းပေးခြင်းက ရှိပြီးသား အရေးအကြောင်းတွေကို သက်သာစေမယ့်အပြင် အရေးအကြောင်းတွေ ထပ်မံ မဖြစ်ပေါ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
(၄) ဗီတာမင်အေဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ မုန်လာဥနီဟာ အသားအရေအတွက်တော့ သဘာဝဆေးဖက်ဝင် ပစ္စည်း တမျိုးဖြစ်တာကြောင့် မုန်လာဥနီကို ကြိတ်ချေပြီး သံလွင်ဆီနဲ့ ရောကာ လိမ်းပေးခြင်းဖြင့် မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို သိသိသာသာ လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။
Ref ; www.beautyepic.com