လေ့လာချက်တွေအရ နေ့လည်ခင်းတွေမှာ တမှေးအိပ်စက်ခြင်းဟာ ခန္ဓာကိုယ်လန်းဆန်းဖို့နဲ့ အားအင်ပြည့်ဝဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ နေ့လယ်ခင်းမှာ တမှေးအိပ်စက်ခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သုတေသနပြုချက်တွေအရ နေ့လယ်ဘက်တွေမှာ နာရီဝက်ခန့် အိပ်စက်သူတွေဟာ မအိပ်သူတွေထက် မှတ်ဉာဏ်စွမ်းရည် ပိုမိုမြင့်မားကြတယ်လို့ ဆိုပါတယ်။ နေ့လယ်ဘက်မှာ တမှေးအိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးနိုင်ပြီး အာရုံစူးစိုက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
(၂) နေ့လယ်ဘက်မှာ တမှေးအိပ်စက်ခြင်းဟာ ကော်ဖီသောက်တဲ့အခါ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် လန်းဆန်းသွားတာထက် ပိုမိုကောင်းမွန်တယ်လို့ အိပ်စက်မှုဆိုင်ရာ သိပ္ပံပညာရှင် Sara Madnick ကဆိုပါတယ်။
(၃) စိတ်ဖိစီးမှုတွေများတဲ့ အခြေအနေမျိုးတွေမှာ နေ့လယ်ခင်းတရေးတမော အိပ်စက်ပေးခြင်းက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး စိတ်ကျရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ စိတ်ပညာဆိုင်ရာ သုတေသန စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
(၄) အနုပညာဖန်တီးသူတွေနဲ့ တီထွင်ဖန်တီးမှုအပိုင်းတွေကို လုပ်ဆောင်နေရသူ အများစုဟာ နေ့လယ် ဘက်တွေမှာ တရေးတမောအိပ်စက်လေ့ရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ နေ့လယ်ဘက် တမှေး အိပ်စက်လိုက်ခြင်းအားဖြင့် အာရုံကြောတွေရဲ့လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။
(၅)နေ့လယ်ဘက်တွေမှာ တမှေးအိပ်စက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ သွေးဖိအားကို လျော့နည်းစေပြီး သွေးတိုးခြင်းကနေ ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့လယ်ဘက်တွေမှာ နာရီဝက်ခန့် အိပ်စက်ပေးခြင်းက နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သုတေသန ပြုချက်တွေမှာ ဖော်ပြထားပါတယ်။
Ref ; www.treehugger.com