Health

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်ရှိလဲ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေရဲ့ နေ့စဉ် အသုံးအဆောင်ပစ္စည်းတွေထဲမှာ မပါမဖြစ် ပါဝင်တဲ့ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ယခု နောက်ပိုင်းမှာဆိုရင် ကျန်းမာရေး ရှုထောင့်အရ ဝတ်သင့်တာနဲ့ မဝတ်သင့်တာဆိုပြီး အမျိုးမျိုး သဘောထား အယူဝါဒတွေ ကွဲပြားနေပြီး ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိလဲ။

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအတွက် ကောင်းစေသလား၊ ကျန်းမာရေးနဲ့ ညီညွှတ်သလား စတဲ့ ဘရာစီယာ မဝတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။

(၁) အမျိုးသမီးတွေ အချိန်တန်အရွယ်ရောက်ချိန်ကစလို့ စွဲစွဲမြဲမြဲဝတ်ဆင်လာခဲ့ကြတဲ့ ဘရာစီယာဝတ်ဆင်ခြင်းကို ပျက်ကွက်ဖို့ဆိုတာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်း ကြီးရဲ့ အကြံပြုချက်တွေအရ ဘရာစီယာကို စွဲစွဲမြဲမြဲဝတ်ဆင်လာသူ အမျိုးသမီးတွေအနေနဲ့တော့ ဆက်လက်ဝတ်ဆင်ဖို့ပဲ အကြံပြုလိုပေမယ့် ညအိပ်ရာဝင်ချိန်တွေနဲ့ အိမ်မှာပဲနေတဲ့ အချိန်တွေမှာတော့ ဘရာစီယာကို မဝတ်ဆင်ဖို့ အကြံပြု ပြောဆို ထားပါတယ်။

(၂) အမျိုးသမီး အများစုရဲ့ ဘရာစီယာ ဝတ်ဆင်ခြင်းနဲ့ ပက်သက်ပြီး အယူအဆ အမှားတခုကတော့ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားတွေ လျော့တွဲခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက ပြုလုပ်တဲ့ ၁၅ နှစ်တာ သုတေသနပြုချက်တွေအရ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိစေဘူးလို့ ဆိုပါတယ်။

(၃) ဘရာစီယာကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တတ်တဲ့ အမျိုးသမီးအများစုဟာ အရွယ် မတိုင်ခင် ရင်သားလျော့တွဲမှုကို မြန်မြန်ဆန်ဆန် ဖြစ်လေ့ရှိတယ်လို့လည်း သုတေသန ဖော်ပြချက်တွေက ဆိုပါတယ်။

(၄) ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားဖွံ့ဖြိုးမှုကို အထောက်အပံ့ ပေးနိုင်တဲ့ တစ်ရှူးတွေကို တားဆီးပေးပြီး သွေးလှည့်ပတ်မှုကို နှောင့်နှေးစေနိုင်ပါတယ်။

(၅) “No Bra Day”  လိုနေ့မျိုးဟာ လိင်မှုကိစ္စ သက်သက်ကြောင့် သတ်မှတ်ထားတဲ့ နေ့တနေ့ မဟုတ်ဘဲ အမျိုးသမီးထုရဲ့ ကျန်းမာရေးအရ တနှစ်မှာ တရက်ခန့် ဘရာစီယာ မဝတ်ဆင်ခြင်းကို ထောက်ခံတဲ့ အနေနဲ့ သတ်မှတ်ထားတဲ့နေ့ပဲ ဖြစ်ပါ တယ်။

Ref ; www.bustle.com

Did you find apk for android? You can find new Free Android Games and apps.
Loading