• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

မျက်ကပ်မှန် တပ်သူတွေ မျက်ရည်ခန်းခြောက်ခြင်း မဖြစ်အောင် ပြုလုပ်ရမယ့် နည်းလမ်းများ

by Aurora
24 July 2018
in Health
A A
မျက်ရည် ခန်းခြောက်တာက မျက်ကပ်မှန် တပ်တဲ့သူတွေမှာရော၊ မတပ်တဲ့သူတွေမှာပါ ဖြစ်လေ့ ရှိကြပါတယ်

မျက်ရည် ခန်းခြောက်တာက မျက်ကပ်မှန် တပ်တဲ့သူတွေမှာရော၊ မတပ်တဲ့သူတွေမှာပါ ဖြစ်လေ့ ရှိကြပါတယ်

6.3k
VIEWS
Share on FacebookShare on Twitter

မျက်ရည် ခန်းခြောက်တာက မျက်ကပ်မှန် တပ်တဲ့သူတွေမှာရော၊ မတပ်တဲ့သူတွေမှာပါ ဖြစ်လေ့ ရှိကြပါတယ်။ အကြောင်းရင်းကတော့ မျက်ရည်ထွက်စေတဲ့ အကျိတ်ဖုတွေက အောက်စီဂျင် လုံလုံလောက်လောက် မထုတ် ပေးနိုင်တာမို့ မျက်ရည် မထွက်ဘဲ ခန်းခြောက်လာတာပါ။

အဲကွန်းအခန်းထဲမှာ တချိန်လုံး အလုပ်လုပ်ရတဲ့သူတွေ၊ ကွန်ပျူတာကို အချိန်အကြာကြီး သုံးရသူတွေမှာ မျက် ရည် ခန်းခြောက်ခြင်း လက္ခဏာကို အများဆုံးတွေ့ရသလို မျက်ကပ်မှန် တပ်တဲ့သူတွေမှာလည်း ဒီလိုပြဿနာ ကြုံတွေ့ ရပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
8.3k
မြိတ်မြို့

မြိတ်မြို့

11 May 2025
563
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
241

မျက်ရည်က မျက်လုံးကို ပြင်ပက ရောဂါပိုးမွှား ဝင်ရောက်စေတဲ့ ပိုးမွှားအန္တရာယ်တွေကို ကာကွယ်ပေးတာမို့ အရမ်း အရေးပါ,ပါတယ်။ မျက်လုံးထဲ မျက်ရည် ခန်းခြောက်နေပြီဆိုရင် မျက်လုံးတဝိုက် ယားယံပြီး ထိခိုက်နိုင်တာ မို့ လိုအပ်တဲ့ အစိုဓာတ် ရအောင် လုပ်ပေးသင့်ပါတယ်။

 

 

ဒါပေမယ့်လည်း အများစုကတော့ မျက်ရည်ခန်းခြောက်ခြင်းကို မျက်စဉ်း ခတ်ကြပေမယ့် ဓာတုပစ္စည်းတွေ ပါဝင်တဲ့ မျက်စဉ်းတွေက လိုအပ်တဲ့အောက်စီဂျင်ကို ထုတ်မပေးနိုင်ဘဲ အပေါ်ယံသာ မျက်ရည်ဖြစ်အောင် ဖန်တီးပေးတာ မို့ တာရှည်သုံးစွဲမယ်ဆိုရင် မျက်လုံးကိုပါ ထိခိုက်နိုင်ပါတယ်။

ဓာတုပစ္စည်းတွေပါတဲ့ မျက်စဉ်းတွေ ခတ်နေမယ့်အစား မျက်လုံးကို အားဖြည့်ပေးတဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးတာက ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ ဒီလိုအာဟာရဓာတ်တွေ ပြည့်မီအောင် စားထားရင် လိုအပ်လို့ မျက်ကပ်မှန် တပ်ရရင်တောင် မျက်ရည်ခန်းခြောက်ခြင်း အလွယ်တကူ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

မျက်လုံးကို အာဟာရဓာတ်ပြည့်စေတဲ့ အစားအစာတွေဟာ လိုအပ်တဲ့ အောက်စီဂျင် ပမာဏကို ဖြည့်စွမ်းပေးနိုင် ရုံတင်မကဘဲ အသက်ကြီးလို့ အမြင်အာရုံ အားနည်းခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ မျက်ရည် ခန်းခြောက်ခြင်းကို ကာကွယ်ပေးတဲ့ အာဟာရဓာတ်များစွာ ရှိတဲ့အထဲက အိုမီဂါ-၃ ဓာတ်များတဲ့ ဆာဒင်းငါး၊ ငါးကြီးဆီ၊ ဗီတာမင် အီး၊ ပိုတက်စီယမ်၊ ဇင့်ဓာတ်တို့အပြင် antioxidant များတဲ့ လက်ဖက်ရည်ကလည်း မျက်ရည်ခန်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

 

 

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲသူတွေအတွက် ကွန်ပျူတာ မျက်နှာပြင်နဲ့ တတ်နိုင်သလောက် ဝေးဝေး ကြည့်ပါ။ မျက်လုံးကို ထိခိုက်မှုနည်းစေတဲ့ မျက်နှာပြင်ကာဗာ ကပ်ထားတာ စိတ်ချရသလို၊ ၁ နာရီ ၂ နာရီ လောက် သုံးပြီးတိုင်း မျက်စိအေးစေမယ့် အစိမ်းရောင်အပင်တွေကို ကြည့်ပေးပါ။

တခါတလေ မျက်ရည် ခန်းခြောက်မှာစိုးရင် ဝမ်းနည်းစရာကောင်းတဲ့ စာအုပ် (သို့မဟုတ်) ရုပ်ရှင်ကြည့်ပေးပြီး ငိုတာကလည်း မျက်လုံး အကျိတ်ဖုလေးတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်ကို ရစေပါတယ်။ ဖြစ်နိုင်ရင် နေ့ခင်းဘက်တွေမှာ အဲကွန်း မဖွင့်ဘဲ သဘာဝလေ ဝင်အောင် အခန်းတံခါးတွေ ဖွင့်ထားပါ။

Ref: Emma Deangela

Your Thoughts …
Tags: မျက်ကပ်မှန်မျက်ရည်
Aurora

Aurora

Contributor

Similar Picks:

No Content Available
Next Post
အဆိုတော် Selena Gomez

ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်တေးတပုဒ် သီဆိုထားတဲ့ Selena Gomez

Device နှစ်ခု တပြိုင်တည်း အားသွင်းနိုင်တဲ့ Samsung Wireless Charger Duo

Device နှစ်ခု တပြိုင်တည်း အားသွင်းပေးနိုင်မယ့် Samsung ရဲ့ Wireless Charger အသစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate