Health

ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားနိုင်မယ့် သဘာဝနည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

ယနေ့ခေတ် မိန်းကလေးတော်တော်များများ ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှား သန့်စင်လေ့ ရှိကြပါတယ်။ တချို့ကလည်း ငွေကုန်ခံပြီး ဆိုင်တွေမှာ သွားလုပ်ကြသလို၊ တချို့ကျပြန်တော့လည်း ဈေးကွက်ထဲက အသင့်သုံးပစ္စည်း အကူအညီနဲ့ ဖယ်ရှားကြပြန်ပါတယ်။

အကုန်ကျ ခံနိုင်သူတွေကတော့ လေဆာနဲ့ အမွှေးမျှင် တွေကို ဖယ်ရှားကြတယ်ဆိုပေမယ့် အချိန် အတိုင်းအတာ တခုရောက်ရင် ပြန်လုပ်ရလို့ အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်ပြီး အကုန်ကျနည်းတဲ့ သဘာဝနည်းလမ်းကောင်းတွေ ရှိပါတယ်။

(၁) နနွင်း နဲ့ Rose Water

နနွင်းနဲ့ နှင်းဆီရည် ရောစပ်ထားတဲ့ အနှစ်က ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ “Rose Water” လို့ ခေါ်ကြတဲ့ နှင်းဆီရည်ထဲကို နနွင်းစစ်စစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောပြီး သမအောင် မွှေပါ။

ရလာတဲ့ အနှစ်ကို ကိုယ်ပေါ်လိမ်းပြီး ခြောက်သွားတဲ့အထိထားပါ။ ပြီးရင် ရေခပ်နွေးနွေးနဲ့ ပြန်သန့်စင် လိုက်ပါ။ တပတ်ကို တကြိမ်လုပ်ပေး ရုံနဲ့ ထူးခြားမှုရှိစေပါတယ်။

(၂) သကြား၊ လီမွန် နဲ့ ပျားရည်

 

 

အချိုးအဆတူ သကြား၊ လီမွန်ရည်နဲ့ ပျားရည်တို့ကိုရောပြီး သကြားတွေပျော်သွားတဲ့အထိ မီးဖိုပေါ်တင်ပြီး အပူ ပေးပါ။ အရည်ပျော်သွားလို့ ကျဲနေတယ်ထင်ရင် ကော်မှုန့်နည်းနည်းထည့်ပြီး ပျစ်နေတယ်ဆိုရင်တော့ ရေနည်းနည်းရောပြီး အနေတော်ဖြစ်အောင် ပြင်ပါ။

 

 

ပြီးရင် မီးဖိုးပေါ်ကချ အအေးခံ၊ ဖယ်ရှားချင်တဲ့ ကိုယ်ပေါ်လိမ်းလိုက်ပါ။ မလိမ်းခင် အဝတ်သန့်သန့် တထပ်ခံပြီး အပေါ်ကနေ လိမ်းတာက ကိုယ်ပေါ်ကို ဖြည်းဖြည်းချင်း စိမ့်ဝင်စေ လို့ ပိုထိရောက်ပါတယ်။

(၃) အာလူး နဲ့ ပဲနီလေး

ဒီနည်းအတိုင်း မလုပ်ခင် ထည့်ရမယ့် ပဲနီလေးကို တညရေစိမ်ထားဖို့ လိုပါတယ်။ နောက်တနေ့မှာ ရေစိမ်ထားတဲ့ ပဲနီလေး ကို ကြိတ်ပါ။ အာလူးကိုတော့ အခွံနွှာ၊ အစိပ်လေးတွေလုပ်ပြီး အရည် ရလာအောင် ကြိတ်ပြီး အရေစစ်ထားပါ။

ကြိတ်ထားတဲ့ ပဲနီလေးရယ်၊ အာလူးအရည်ကို ရောပြီး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ လီမွန်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း သမအောင် မွှေပြီး အမွှေးရှိတဲ့ နေရာတွေပေါ် လိမ်းပြီး မိနစ် ၂၀ လောက် ခဏ ထားလိုက်ပါ။ ခြောက်သွားရင် ပွတ်တိုက်လိုက်ရုံနဲ့ အမွှေးမျှင်တွေ သန့်စင်သွားပါလိမ့်မယ်။

(၄) သဘောသီးစိမ်းနဲ့ နနွင်း

နနွင်းသုံးမယ့် နောက်ထပ်နည်းလမ်းတခုပါ။ ဒီတခါတော့ သင်္ဘောသီးအစိမ်းနဲ့ နနွင်းကို ရောစပ်ရမှာပါ။ သင်္ဘောသီး စိမ်းကိုကြိတ်ပြီး ရလာတဲ့အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းစာကို နနွင်း စားပွဲတင်ဇွန်းဝက်နဲ့ ရောမွှေပါ။

ကိုယ်ပေါ် မိနစ် ၂၀ လောက်လိမ်းထားပြီး ရေဆေးချပါ။ တပတ် ၂ ကြိမ်လုပ်ပေးရင် အမွှေးမျှင်တွေ ပါးလာမှာ ပါ။

(၅) ကြက်ဥ နဲ့ ကော်မှုန့်

 

 

ကြက်ဥအကာ တလုံး၊ ကော်မှုန့် စားပွဲတင်ဇွန်းတဝက်ရယ်၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းစာ တို့ကိုရောပြီး သမအောင်မွှေပါ။ ကိုယ်ပေါ်မှာ ၂၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ရင် မလိုချင်တဲ့ အမွှေးမျှင်တွေ ကျွတ်ပါသွားပါလိမ့်မယ်။

Ref: Better Me

Did you find apk for android? You can find new Free Android Games and apps.
Loading