Health

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပိုတက်စီယမ်ဓာတ် အားနည်းခြင်းအကြောင်း

Want create site? Find Free WordPress Themes and plugins.

ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေထဲမှာ ပိုတက်စီယမ်ကလည်း အရေးကြီးတဲ့ သတ္တုဓာတ် တမျိုးပါ။ ကြွက်သား လှုပ်ရှားနိုင်ဖို့၊ အာရုံကြောစနစ် ကောင်းအောင် ကူညီထောက်ပံ့ပေးသလို၊ ကိုယ်တွင်း အရေဓာတ် မျှချေ ရှိအောင် ထိန်းညှိပေးထားပါတယ်။

လေ့လာချက်တွေအရ ဒီလိုအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ် ချို့ယွင်းလာတာနဲ့ အမျှ “Hypokalemia” လို့ ခေါ်တဲ့ ပိုတက်စီယမ် အားနည်းတဲ့ရောဂါဆီကို ဦးတည်စေပါတယ်။ ကိုယ်တွင်း ပိုတက်စီယမ် အားနည်းတာနဲ့ တပြိုင်နက် ကိုယ်တွင်းစီးဆင်းနေတဲ့

အရည်ဓာတ် ဆုံးရှုံးပြီး ပျို့အန်ချင်လာမယ်၊ ဝမ်းလျှောမယ်၊ ချွေးထွက်လွန်ပြီး နောက်ဆုံးသွေးအားနည်းတဲ့အဆင့်ထိ ဖြစ်သွားနိုင်ပါတယ်။
ပိုတက်စီယမ် ချို့ယွင်းတာကို သိနိုင်တဲ့ လက္ခဏာရပ်တွေက–

(၁) ခန္ဓာကိုယ် နုံးချိ အားနည်းလာမယ်

ပိုတက်စီယမ် အားနည်းခြင်းရဲ့ ဦးဆုံးလက္ခဏာကတော့ ခန္ဓာကိုယ် အားနည်း နုံးချိလာတာပါ။ ပိုက်တက်စီယမ်က ကြွက်သားတွေ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးလို့ မလုံလောက်တော့ဘူးဆိုရင် မလှုပ်ချင်လောက်အောင် အားနည်းသွားပါတော့တယ်။

(၂) ကြွက်တက်မယ်

ကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေ တုံ့ဆိုင်းသွားတာနဲ့အမျှ အလွယ်တကူ ကြွက်တက်လာတော့တာပါ။ ဒါဟာ သွေးတွင်း ပိုတက်စီယမ်နည်းနေပြီဆိုတာ ပြလိုက်တာပါပဲ။ ကြွက်သားဆဲလ်တွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ပိုတက်စီယမ်က သွေးကတဆင့် ဦးနှောက်အာရုံကြောတွေကို သတင်းပို့ရပါတယ်။ ပိုတက်စီယမ် မလုံ လောက်တဲ့အခါ သတင်း မပို့နိုင်တော့ပဲ ဦးနှောက်က ကြွက်သားဆဲလ်တွေ လှုပ်ရှားဖို့ကို လှုံ့ဆော် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် မကြာခဏ ကြွက်တက်လာရတာပါ။

(၃) အစာခြေစနစ် ကမောက်ကမ ဖြစ်လာမယ်

အစာခြေစနစ်ကို ကမောက်ကမ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတဲ့အထဲက ပိုတက်စီယမ် အားနည်းရင်လည်း ဖြစ်ပါတယ်။ အစာခြေတဲ့အခါ လိုအပ်တဲ့ကြွက်သားတွေ အလုပ် ပုံမှန်လုပ်အောင် စွမ်းဆောင်ပေးနေတဲ့ ပိုတက်စီယမ် အားနည်းသွားတာနဲ့အမျှ အစာအိမ်က အစာခြေနှုန်း နှေးကွေးသွားပါတော့တယ်။ ဒါကြောင့် ဝမ်းဗိုက် လေပွခြင်းနဲ့ ဝမ်းချုပ်တာမျိုးတွေ ခံစားရပါတယ်။

(၄) ရင်တုန်ပန်းတုန် ဖြစ်ခြင်း

တခါတလေ အကြောင်းရင်း မရှိဘဲ ရင်ထဲတလှပ်လှပ် ဖြစ်တာမျိုး၊ ရင်တုန်ပန်းတုန် ဖြစ်တာမျိုး ခံစားဖူးကြမှာပါ။ ဒီလက္ခဏာကလည်း ပိုက်တက်စီယမ ်ချို့ယွင်းခြင်းရဲ့ အကြောင်းရင်းတွေပါ။ ရင်တုန်ပန်းတုန်ဖြစ်တာ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ် ဆိုပေမယ့် ပိုက်တက်စီယမ် အားနည်းခြင်းက ဖြစ်နိုင်ချေ ပိုများပါတယ်။

(၅) အသက်ရှုရခက်ခဲခြင်း

ပိုတက်စီယမ်က အဆုတ်ကြွက်သားတွေ ချုံ့ချဲ့ခြင်း လုပ်ငန်းဆောင်တာကို ပံ့ပိုးပေးတာမို့ ပိုတက်စီယမ် အားနည်းတာနဲ့ ဒီဖြစ်စဉ် လျော့ကျသွားပြီး အသက်ရှုရတာ ခက်ခဲလာပါတယ်။ ပိုပြင်းထန်သွားရင်တော့ အသက်ရှုရပ်သွားတဲ့အထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ပိုတက်စီယမ်ကို ဘယ်လိုဖြည့်စွက် စားသုံးနိုင်မလဲ။ ပိုတက်စီယမ် ပေါကြွယ်ဝတဲ့ အစားအစာတွေအများကြီးရှိပါတယ်။

“အာလူး၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီးဆော့စ်၊ လိမ္မောသီးနဲ့ လိမ္မော်ရည်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ဒိန်ချဉ်၊ ဆော်လမွန်ငါး၊ ယောက်သွား၊ အုန်းရည်” စတဲ့ အစား အစာတွေမှာ လိုအပ်တဲ့ ပိုတက်စီယမ် ပေါကြွယ်ဝတာမို့ နေ့စဉ် မပါမဖြစ် စားပေးဖို့ လိုပါတယ်။ ဒါ့အပြင် လိုအပ်နေ သေးရင်တော့ ပိုတက်စီယမ်ဖြည့်စွက်အားဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။
Ref: Health Line

Did you find apk for android? You can find new Free Android Games and apps.
Loading